"အဲ့တာက...ကျွန်တော့်အင်္ကျီက ဇစ်ကဖြစ်နေတာ။ဆွဲတင်လို့မရဘူးလေ။ ကျွန်တော်လည်း ဆွဲတာပဲ မရတော့... သူက ကူညီပေးတာ"

"ကြီးမြတ်တဲ့ဇစ်ကြိုးပါပေ့... ဟမ့်"

ကျိချင်းကျိုးမှာ သူ့ကိုကြည့်ပြီး ဘာပြောရမလဲမသိသလို နည်းနည်းလည်း အံ့အားသင့်နေမိ၏။

"တကယ် ခက်တာပါဆို ... လျှောက်တွေးမနေပါနဲ့တော့"

"ဘာလို့ ဆွဲမရရမှာလဲ"

ချူချန်က သူ့ဆီလျှောက်လာပြီး လက်နှစ်ဖက်လုံးဖြင့် ဆိုဖာပေါ် ရှိလူကို ဆွဲမကာ ထိုဇစ်အား လက်မနှင့်လက်ညှိုးဖိညှစ်ပြီး ဆွဲတင်လိုက် ဆွဲချလိုက် ဆွဲတင်လိုက် ဆွဲချလိုက် အကြိမ်ကြိမ်လုပ်ပြလာသည်။

"လွယ်လွယ်လေးမဟုတ်လား"

သူကပြောရင်းတန်းလန်းနဲ့ ကျိချင်းကျိုးရဲ့ အနွေးထည်ကို ကူချွတ်ပေးလာသည်။

"အိမ်ထဲရောက်နေပြီကို အနွေးထည်မချွတ်ဘာမချွတ်နဲ့ မပူဘူးလား"

ခင်ဗျားကို ဘယ်လို ချော့ရမလဲပဲတွေးနေမိတာပါဆို...ကျိချင်းကျိုး စိတ်ထဲမှညည်းညူလိုက်သည်။
သူသည် ချူချန်တစ်ယောက် သူ့အဝတ်အစားတွေနားမှာ မိမိအနွေးထည်လေးသွားချိတ်လိုက်သည်ထိကြည့်နေမိကာ ရှင်းပြလိုက်သည်။

"ဘာဖြစ်ဖြစ်ပါ...ခုနက တကယ်ကို ဆွဲမရခဲ့တာ။ကျွန်တော် အဲ့နေရာမှာမကျွမ်းလို့လည်းဖြစ်နိုင်ပါတယ်။ခင်ဗျားသာဆန္ဒရှိရင် နောက်ဆို ဇစ်ကူဆွဲပေးပေါ့နော့"

ချူချန်က အင်္ကျီချိတ်ရင်း သူ့ကိုပြန်လှည့်ကြည့်လာသည်။

"ဒီမှာ မင်းက အသက်နှစ်ဆယ်နော်။နှစ်နှစ်သားမဟုတ်ဘူး။အခုထိ ပါးပါးက ဇစ်လိုက်ဆွဲပေးရဦးမယ်ပေါ့"

ကျိချင်းကျိုးက သက်ပြင်းချပြလာသည်။

"ခင်ဗျားကို ဆွဲခိုင်တော့လည်း မလုပ်ချင်။သူများကူညီပေးတော့လည်း မကြိုက်နဲ့။ပါးပါး! ခင်ဗျားရဲ့စိတ်က အရမ်းခန့်မှန်းရခက်တာပဲ"

ချူချန်က လက်ဖျောက်တီးလိုက်သည်။

"မနက်ဖြန် မင်းအနွေးထည်တွေအကုန်လုံး ကိုယ် ချိန်းပေးမယ်။ဇစ်မပါဘဲ ကြယ်သီးချည်း သီးသန့်။မင်း ဘယ်လိုတွေဆင်ခြေပေးဦးမလဲကြည့်ရတာပေါ့"

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now