"မင်းလည်း အရမ်းကောင်းပြီး ချစ်ဖို့လည်းကောင်းတယ်"

သူလည်း ချစ်ဖို့ကောင်းတယ်လို့ ယွီအန်းယီဘာသာတွေးလိုက်မိသည်။

"ဝမ်းနည်းလိုက်တာ။မျက်ကန်းကြီးချူချန်ဆိုတဲ့ကောင်ကျ အဲ့လိုမတွေးဘူး! ! "

ကျိချင်းကျိုးက သူမပခုံးလေးအားခပ်ဖွဖွပုတ်ပေးလိုက်၏။

"လိင်စိတ်တိမ်ညွှန်းမှုကိုတော့ ဘယ်သူမှဘာမှလုပ်ပေးလို့မရဘူး။ဒီလောကကြီးမှာ ဆေးဖက်မဝင်တဲ့အပင်ဆိုတာမရှိပါဘူးကွာ။စီနီယာအစ်ကိုကြီးလည်း အရမ်းကောင်းပါတယ်"

ယွီအန်းယီက သူ့လက်တွေကိုပုတ်ထုတ်ကာ-

"အတော်လေးသင်မြန်တတ်မြန်နေတာပဲ။ငါက ဘောလုံးလား
ဟမ်။နင်တို့အုပ်စုက ဘယ်ညာကန်ထုတ်နေကြတာ။တကယ်ဘဲ သွားမယ်။အခန်းပြန်ပြီးနားကြမယ်"

ချိုင့်လိက ညစားမစားခဲ့ချေ။အခန်းထဲမှာ ထိုင်ပြီး မနက်ကအကြောင်းကိုတွေးနေမိ၏။သူမ စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားလိုက်မှ အမှန်ပင် ဒီနေ့ သူမ နည်းနည်းတော့ စိတ်လိုက်မာန်ပါလုပ်ခဲ့မိသည်။ဒီလောက်ခပ်မြန်မြန်မလုပ်ခဲ့သင့်ပေ။ယွီအန်းယီပြောတာမှန်တယ်။အနည်းဆုံးတော့ မလုပ်ခင် အချိန်နည်းနည်းယူခဲ့သင့်သည်။အဲ့ဒိနေရာမှာ မိန်းကလေးအနေနဲ့ ပေ့ဝမ်ယောင်ပဲရှိမယ်ဆို သူမဘက်က ပိုပြီးအသားစီးရနေမှာဖြစ်သည်။

သူမအတွေးထဲနစ်မြောနေချိန် တံခါးခေါက်သံကြားလိုက်ရ၏။ချိုင့်လိလည်း တံခါးဆီလျှောက်သွားကာ ဖွင့်လိုက်တော့ လျန်ကျင်းရှင်တစ်ယောက်သာ အပြင်မှာ ရပ်နေခြင်းဖြစ်၏။သူမ နည်းနည်းအံ့အားသင့်သွားကာ တံခါးဖွင့်ပြီး ဘေးဘက်ကပ်ရပ်လိုက်ကာမေးလိုက်သည်။

"ဘာဖြစ်လို့လဲရှင့်"

သူမအမူအရာတွေကိုကြည့်နေတဲ့ လျန်ကျင်းရှင်က အထာနပ်တာပေါ့။တစ်ခြားသူတွေကြားသွားမှာကြောက်လို့ သူမက သူ့ကိုအထဲဝင်ပြီး စကားပြောစေချင်တာ။ဒါပေမယ့် သူဆိုတာလည်း မိန်းကလေးအခန်းထဲဝင်ဖို့နေနေသာသာ မိန်းကလေးတစ်ဦးရဲ့အခန်းကိုသွားရတာမျိုးတောင် ကြိုက်တာမဟုတ်ပေ။တစ်ခြားသူတွေက ကောလဟာလလွှင့်မှာ ဧကန်ပင်ဖြစ်၍ ဘယ်တုန်းကမှအခန်းထဲမဝင်ခဲ့ဖူး။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Waar verhalen tot leven komen. Ontdek het nu