"သူမပါဘဲနဲ့ ဓာတ်ပုံပြန်ရိုက်ကြမယ်။ဒါဆို သူလည်း forward လုပ်စရာမလိုတော့သလို ငါလည်း post ခိုးတင်သလိုမဖြစ်တော့ဘူးပေါ့...ဟုတ်တယ်မလား"

လျန်ကျင်းရှင် : ......

ပြောင်းလဲသွားသော လျန်ကျင်းရှင်ရဲ့မျက်နှာကြီးအား ကျိချင်းကျိုးတွေ့လိုက်ရ၏။

"မကောင်းဘူးလေ"

"ဒီရသစုံရှိုးကိုက စီနီယာအစ်ကိုကြီးရဲ့အိမ်လိုဖြစ်နေတာ။ငါက ဒီအစီအစဉ်ရဲ့လူသစ်ဖြစ်သလို မင်းကလည်း လူကြိုက်များတဲ့guestလေ။ပြီးတော့ ငါတို့သုံးယောက်က ကုမ္ပဏီတူတူပဲဟာ။ငါတို့နှစ်ယောက်ပဲဓာတ်ပုံရိုက်တင်လိုက်ရင် စီနီယာအစ်ကိုကြီးနဲ့မတည့်ဘူးလို့တစ်ခြားသူတွေထင်ကုန်မှာမလား"

ယွီအန်းယီတွေးကြည့်တော့လည်း အဲ့လိုဖြစ်နေပုံပင်။

သူမ ဖုန်းကိုပြန်ချလိုက်ပြီး စိတ်လျော့စွာဆိုလိုက်၏။

"ဒါဆိုလည်း နှစ်ယောက်လုံး forward လုပ်ကြ...အိုက်ယားးး စိတ်ပူလိုက်တာနော်"

လျန်ကျင်းရှင် :......

လျန်ကျင်းရှင်က မတ်တပ်ထရပ်ပြီး ပြောလာသည်။

"မင်းအတွေးလွန်နေပြီ"

ထို့နောက် စားသောက်ဆိုင်အပြင်ကိုထွက်သွားလေ၏။

ကျိချင်းကျိုးမှာ ထွက်သွားတဲ့လူကိုကြည့်ရင်း ယွီအန်းယီကိုမေးလိုက်တယ်။

"သူစိတ်ဆိုးသွားတာလား"

ယွီအန်းယီကတော့ ခေါင်းတစ်ခါခါဖြင့်--

"မသိဘူးလေ။ဒါပေမယ့် အရမ်းစိတ်ဆိုးသွားတာဖြစ်မယ်။ကြည့်ရတာ သူ့စိတ်အခြေအနေက လွန်ခဲ့တဲ့နှစ်အတွင်းတိုးတက်လာပုံပါပဲ။စိတ်ပူမနေနဲ့။နင့်နောက်မှာ အားချန်ရှိတယ်။သူဘက်က ဆိုးဆိုးဝါးဝါးဆက်ဆံရဲလို့ကတော့ အားချန်ကို ချက်ချင်းပြောပြီး သူ့ကို ပြောခိုင်းလိုက်"

"စီနီယာအစ်ကိုကြီးက အရမ်းကောင်းပါတယ်"

ကျိချင်းကျိုးပြောလိုက်သည်။

"ငါကရော"

ယွီအန်းယီက သူ့ကိုမေးလာ၏။

ကျိချင်းကျိုးက ရယ်လိုက်သည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now