အပိုင်း (၅၂)

Start from the beginning
                                    

ခုချိန်မှ ဒါကို မှတ်မိတာကို သူကိုယ်တိုင်ပင် မယုံနိုင်ပေ....

ဒီစိတ်ကြွဆေးက သာမာန်ဆေးများနဲ့ မတူစွာပင် အတူသုံးသူနှစ်ယောက်ပေါ်တွင်သာ သက်ရောက်မှုရှိသည်။ စိတ်ကြွဆေးကို ခန္ဓာကိုယ်ပေါ်တွင် သုတ်လိမ်းကာ အတူ အိပ်စက်ပြီးသည့်နောက် နောက်ထပ်အကြိမ်တွင် အသုံးမပြုတော့သည့်တိုင်အောင် တူမတူသော သာယာမှုကို ခံစားရစေတဲ့ ဆေးအစွမ်းက သက်ရောက်နေဆဲပင်။

ဒီစိတ်ကြွဆေးသုံးပြီး အမှတ်အသားပြုခဲ့သည့် လူကလွဲပြီး တခြားလူနှင့် တူညီတဲ့ သာယာမှုကို ရရှိဖို့ မဖြစ်နိုင်တာမို့ တခြားအပြင်လူနှင့် ဖောက်ပြန်ဖို့ ခဲယဉ်းလွန်းလှသည်။ ထို့ကြောင့်ပင် ဆေးသုံးထားသည့် လူနှင့်သာ အဖန်တလဲလဲ အိပ်စက်လိုမည်ပင်။

ဒီဆေးအတွက် ဖြေဆေးရှိပေမဲ့ စိတ်ကြွဆေးကို စတင်ဖော်စပ်ခဲ့တဲ့ ဆွန်းများထံတွင်သာ နည်းလမ်းရှိပြီး တော်၀င်မိသားစုထံတော့ လက်ဆင့်ကမ်းပေးခဲ့ခြင်းမရှိပေ။

ဧကရာဇ်မင်းမြတ်က ဒီဆေးအစွမ်းကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ပြီး ဘုရင့်ကိုယ်လုပ်တော်တွေက မည်သည့်အမျိုးသားကိုမှ သူတို့ အိပ်ဆောင်ထဲ ခေါ်မသွင်းခဲ့ကြပေ။ နန်းမွေဆက်ခံသူ ရရှိဖို့ ကြိုးစားတဲ့အနေနဲ့ လိုင်လ့်ကို ခေါ်သွင်းခဲ့ခြင်းကား ချွင်းချက်ပင်။

[ငါ ဒါကို သုံးလို့ ဖြစ်မလား?]

လိုင်လ့်ကို ကွာရှင်းဖို့ မယ်ဒီရာ ဘယ်တော့မှ တွေးတော့မည်မဟုတ်ပေ။

လိုင်လ်က အမြဲစတင်ရသူမို့ ဒီဆေးနဲ့သာဆိုရင် မယ်ဒီရာက သူ့ဆီအရင် ချဉ်းကပ်လာနိုင်သည်။

သူ စိတ်ကူးယဉ်ရုံနဲ့တင် သူ့အောက်ပိုင်းက ပူနွေးကာ တင်းကြပ်လာတာမို့ လိုင်လ့်မျက်နှာ ပူနွေးသွားရသည်။

ဒီဆေးကို သုံးမယ်လို့ သူ ဘယ်တော့ကမှ မတွေးမိခဲ့သလို သူကိုယ်တိုင် လိုလိုလားလား သုံးချင်လာစိတ်က မယုံနိုင်အောင်ပင်။ ဒီဆေးနဲ့ ဖော်စပ်ပုံနည်းလမ်းကို မဖျက်စီးရသေးတဲ့ တခုတည်းသော အကြောင်းပြချက်က သူမေ့နေခြင်းကြောင့် ဖြစ်သည်။။

Your Majesty is annoying (Myanmar Translation)Where stories live. Discover now