အပိုင်း(၁၇)

Start from the beginning
                                    

သူမကိုမော့လင်ရှီးပိုပြီးရင်းရင်းနှီးနှီးသိတယ်။သူမကကျိုးဇီမှာအားကိုးရတဲ့အောင်မြင်တဲ့မိန်းကလေးတစ်ယောက်အနေနဲ့လူသိများတယ်။သူမကပေါင်းသင်းဆက်ဆံရေးလဲကောင်းတယ်။မော့လင်ရှီးသူမရဲ့နာမည်အရင်းကိုမသိပေမယ့်အားလုံးကတော့အမမိန်လို့ဘဲခေါ်ကြတယ်။သူမရဲ့အသံကညုတုတုနဲ့ဆိုပေမယ့် တစ်ခြားသူတွေအမြင်ကပ်ရလောက်
တဲ့အဆင့်တော့မဟုတ်သေးဘူး။

'ညီမအသိအကိုတစ်ယောက်ပါ'

'နှမြောဖို့ကောင်းလိုက်တာ။အမကညီမရဲ့ချစ်သူလို့ထင်နေတာ။ဒါပေမယ့်လဲအနာဂတ်မှာညီမရဲ့ချစ်သူအဖြစ်ကိုပြောင်းသွားနိုင်တယ်မဟုတ်လား?' အမမိန်စလိုက်တယ်။

'အကိုတစ်ကလက်ထပ်ပြီးပြီအမမိန်....ညီမကိုမနောက်ပါနဲ့' မော့လင်ရှီးလဲကူရာကယ်ရာမဲ့စွာနဲ့ပြန်ဖြေလိုက်ရတယ်။အမမိန်ကအမြဲတက်တက်ကြွကြွရှိပြီး ဟာသမျိုးစုံပြောရတာကိုသဘောကျတယ်။မော့လင်ရှီးကုမ္ပဏီကိုဝင်ခါစကဆိုရင် ဒါတွေနဲ့သိပ်အသားမကျခဲ့ဘူး။

'အိုး.....ညီမမှာအခွင့်အရေးမရှိတော့ဘူးဘဲ။ကံဆိုးလိုက်တာ.....ဒီလောက်ချောတဲ့လူကိုမှ' အမမိန်ခေါင်းတစ်ခါခါလုပ်ပြီးပြောလိုက်တယ်။

'အမမိန် ရှောင်မော့ကိုစမနေနဲ့တော့။ရှောင်မော့ကလက်ထပ်ပြီးပြီ' ချန်စစ်ဟောင်ဝင်ပြောလ်ိုက်တယ်။သူမရဲ့CV formမှာအကုန်ရေးထားတာကိုး။

'ဘာ?လက်ထပ်ပြီးပြီပေါ့လေ?ရှောင်မော့...ညီမကအသက်၂၃ဘဲရှိသေးတာမဟုတ်လား' အမမိန်မယုံကြည်နိုင်ဘဲပြောလိုက်တယ်။

'တကယ်ဘဲလက်ထပ်ပြီးပြီပေါ့လေ?ညီမကငယ်ငယ်လေးဘဲရှိသေးတာကို....ညီမရဲ့အပျိုဘဝကိုတောင်ကောင်းကောင်းခံစားလိုက်ရဦးမှာမဟုတ်ဘူး' မော့လင်ရှီးဘေးမှာရပ်နေတဲ့လုပ်ဖော်ကိုင်ဖက်မိန်းကလေးတစ်ယောက်ကဝင်ပြောလိုက်တယ်။

'တရားဝင်လက်ထပ်လို့ရတဲ့အသက်က၂၀ဆိုတော့ ညီမက၂၃နှစ်တောင်ရှိနေပြီကိုဘယ်လိုလုပ်ပြီးငယ်သေးတယ်လို့သတ်မှတ်လို့ရမှာလဲ?' မော့လင်ရှီးနှုတ်ခမ်းလေးစူပြီးပြောလိုက်တယ်။

အမမိန်နဲ့လုပ်ဖော်ကိုင်ဖက်တစ်စုလဲပြောစရာစကားမရှိတော့ဘဲဆွံ့အသွားကြတယ်။တကယ်တော့မော့လင်ရှီးပြောတာလဲမမှားဘူး...ဥပဒေကအဲ့လိုဘဲပြဌာန်းထားတာ။ဒါပေမယ့်အခုခေတ်မှာလူအနည်းစုလောက်ကဘဲအိမ်ထောင်ကိုစောစောပြုကြတော့တာ။လူအများစုက၂၅၊ ၂၆လောက်မှအိမ်ထောင်ပြုဖို့ကိုစဉ်းစားကြတော့ဆိုတော့သူတို့အမြင်မှာမော့လင်ရှီးကအိမ်ထောင်ပြုဖို့စောနေသေးတယ်။

ချိုသာတဲ့ခင်ပွန်းကသူ့ဇနီးကိုအရမ်းအလိုလိုက်နေတယ်Where stories live. Discover now