ချူချန်နားထောင်ပြီးနောက် သူမကိုမေးလိုက်သည်။

"မင်း လော့ယွီရှင်းနဲ့သိလား? ဘယ်လိုစိတ်ဓာတ်မျိုးရှိလဲ"

ယွီအန်းယီကခေါင်းယမ်းလျက်။

"ငါသိပ်မသိဘူး။သူနဲ့လည်းအများကြီးအဆက်ဆံမလုပ်ဖူးဘူးလေ။သူနဲ့ပတ်သက်တဲ့သတင်းတစ်ချို့တော့ကြားဖူးပေမယ့် အတူတူအလုပ်မလုပ်ရသေးဘူး။အဲ့တော့ သူ့စိတ်နေစိတ်ထားကိုလည်း အသေအချာကြီးမပြောတတ်ဘူး။ငါသိတာကတော့ သူက ဖန်ယောင်ရွှမ်းရဲ့အရင်းအနှီးတွေကြောင့်အောင်မြင်လာတာ။ဒါ့ပြင် ဒီအသိုင်းဝိုင်းထဲမှာ သူ့သူငယ်ချင်းကောင်းက ဖန်ယောင်ရွှမ်းတဲ့"

"သူငယ်ချင်းကောင်းပေါ့"

ရှောက်ရုံရယ်လိုက်သည်။

ယွီအန်းယီကစကားပြောခြင်းမှာဈာန်ဝင်နေသော်လည်း ရှောက်ရုံကအလေးထားပြောလာသဖြင့် သူမလည်း လော့ယွီရှင်းနဲ့ဖန်ယောင်ရွှမ်းတို့ရဲ့သူငယ်ချင်းဆက်ဆံရေးကိုတွေးမိကာ အော်မရယ်ပဲမနေနိုင်ခဲ့။သူမ သိချင်လာမိသည်။

"ဖန်ယောင်ရွှမ်း ကျိချင်းကျိုးကိုတစ်ခါကြိုက်ဖူးတာလော့ယွီရှင်းသိမယ်လို့နင်တို့ထင်ကြလား။ သူကအစားထိုးလေးအနေနဲ့ဆိုရင်တောင်လေ"

သို့သော်ငြား လက်ရှိဒီမှာရှိနေတဲ့ဘယ်သူမှ အဲ့မေးခွန်းကိုမဖြေနိုင်ကြဘူး။ဘာလို့ဆို သူတို့က လော့ယွီရှင်းမှမဟုတ်ပဲလေ။

"မင်းသွားသင့်တယ်"

ချူချန်ကရုတ်တရက်ကြီးထပြောလာသည်။

"ဘယ်လိုအခြေအနေ‌တွေရှိလဲဆိုတာကို မင်းလည်းကူကြည့်ပေးနိုင်မလား။လော့ယွီရှင်းကဘယ်လိုလူစားမျိုးလဲဆိုတာကော ။လျန်ကျင်းရှင်ရှိပေမယ့် တကယ့်တကယ်ကျ ကျိချင်းကျိုးနဲ့ရင်းနှီးတာမဟုတ်ဘူး။သူ့စိတ်နဲ့ဆို ကူညီရုံပဲကူညီချင်မှာ ဂရုစိုက်ပေးချင်မှာမဟုတ်ဘူး။သူဆန္ဒရှိရင်ကူညီမယ် သူဆန္ဒမရှိရင် မင်းသူရှေ့မှာရိုက်ပဲရိုက်ရိုက် သူ့လမ်းလာပိတ်ပါတယ်ဆိုပြီးမောင်းထုတ်လိမ့်မယ်။သူက မင်းလောက်စိတ်မချရဘူး"

"ငါ့ကိုနေ့တိုင်းခိုင်းစားချင်နေကြတာများ"

ယွီအန်းယီမှာ သူမက အချစ်ပြိုင်ဘက်ရဲ့အလုပ်သမားလေးတစ်ယောက်လိုခံစားနေရတယ်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now