ကျိချင်းကျိုးသည် ထိုသူပြန်သွားတော့မယ်ဆိုတာကြားတော့ နည်းနည်းမလိုလားဖြစ်မိသည်။ သူတို့ကတစ်ချိန်လုံးတူတူရှိနေခဲ့ကြတာဖြစ်ပြီး ကျိချင်းကျိုးကလည်း ရုတ်တရက်ခွဲခွာရမှာကို နေသားမကျနိုင်သေးပေ။

ချူချန်ရှေ့မှာဆို သူ့ရဲ့ခံစားချက်တွေအားတစ်ခါမှမဖုံးကွယ်ဖူးသည့်အတွက် သူခေါင်းမော့မော့ချင်း သူ့မျက်လုံးထဲက တွန့်ဆုတ်နေမှုကို ချူချန်ကလည်း မြင်သွားခဲ့ကာ နှစ်သိမ့်ပေးလာခဲ့သည်။

"အစည်းအဝေးပြီးလို့ ဘာမှလုပ်စရာမရှိတာနဲ့ ကိုယ်ပြန်လာခဲ့ပါ့မယ်"

ကျိချင်းကျိုး ခေါင်းညိမ့်လိုက်သည်။

"ခင်ဗျားအလုပ်မများရင် ဖုန်ခေါ်လိုက်မယ်နော်"

"အင်း ‌ရိုက်ကူးရေးကောင်းကောင်းလုပ်"

"ခင်ဗျားရောပဲ အလုပ်ကြိုးစား"

ကျိချင်းကျိုးသည် သူ့ခရီဆောင်အိတ်အားထုတ်ပိုးပေး၍ ပြန်သွားတဲ့နေရာထိလိုက်ပို့ပေးလိုက်သည်။ ချူချန်ကတော့ တစ်ခြားသူတွေသူတို့ကို အာရုံမစိုက်နေတုန်း ကျိချင်းကျိုးကို အနမ်းပေးပြီးမှပြန်သွားခဲ့လေသည်။

ကျိချင်းကျိုးသည် သူထွက်သွားသည်ထိစောင့်ကြည့်နေမိ၏။ ချူချန်ပေါ်တအားမှီခိုလွန်းနေတဲ့ သူကိုယ်သူလည်း ခံစားမိပါရဲ့…မဖြစ်သင့်လိုက်တာ…သူဆိုတာ တစ်ခြားသူတွေပေါ်မှီခိုတတ်တဲ့အသက်အရွယ်အားကျော်လွန်ခဲ့ပြီးပြီလေ။သိုစေကာမူ သူရဲ့ ချူချန်ပေါ်ခံစားချက်တွေက ကြက်ပေါက်စရဲ့အပြုအမူတွေလိုမျိုးအလာတူနေခဲ့တယ်။ဒီကမ္ဘာမှာ သူပထမဆုံးတွေ့တဲ့လူက ချူချန်၊ သူနဲ့ဆက်ဆံရေးရှိတဲ့ ပထမဆုံးလူက ချူချန် ၊ သူ့ကိုစိတ်လှုပ်ရှားစေတဲ့ပထမဆုံးလူ ၊ ချူချန်နဲ့အတူဆို စိတ်ပူပန်မှုတွေသက်သာစေပြီး အခက်အခဲတွေမရှိတော့သလိုမျိုးထိ ခံစားခဲ့ရသည်။ ထို့ကြောင့် သူ့ကိုယ်သူတောင် မသိလိုက်ပါဘဲ ချူချန်ပေါ်မှီခိုလာမိသလို သူ့ရဲ့ကန့်သတ်နယ်မြေလေးအတွင်းသို့ ချူချန်ကို ဆွဲသွင်းလာမိသည်။

ကျိချင်းကျိုးအဲ့လိုမျိုးတွေမဖြစ်ချင်ဘူး။သူ့ကိုယ်သူလည်း သတိပေးနေမိတယ်။ အဲ့လိုအလွန်အကျွံမှီခိုနေရင် သူတို့ခွဲခွာရတဲ့အချိန်ကျ သူပဲခံစားရခက်နေလိမ့်မယ်လို့။သို့သော် မကြာခင် သူ့ကိုယ်သူပြန်သတိပေးမိပြန်တယ် သူတို့က ခွဲခွာရမည့်လူတွေဖြစ်တဲ့တွက် ကိုယ့်ရှေ့မှာရှိနေတဲ့ အချိန်ကောင်းလေးတွေကို ရင်ဝယ်ပိုက်ထားသင့်တယ်ဟူ၍ပင်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now