အပိုင်း (၄၄)

Start from the beginning
                                    

"ကျွန်မ အရင်က ဒီလိုလုပ်ခဲ့တယ်ဆိုတိုင်း အခုလဲ ဒီလိုလုပ်ရမယ်လို့ မဆိုလိုဘူးလေ၊ ကျွန်မပြန်စာအကြောင်း သိချင်လို့၊ ပြန်ပေးပါ"

"........"

ဘယ်လိုရွေးချယ်မှုကများ သူမဒေါသကို လျော့နည်းစေနိုင်မလဲ? သူ့အိတ်ကပ်ထဲက စာကို လိုင်လ်ထုတ်လိုက်ပြီး ချိတ်ပိတ်ထားတာကို ဖယ်ကာ မယ်ဒီရာ့ရှေ့မှာပဲ စာအိတ်ဖောက်ဖတ်လိုက်ပြီးမှ သူမဆီ ကမ်းပေးလိုက်သည်။

မယ်ဒီရာက လိုင်လ့်ကို ဖိနှိပ်ခံရတဲ့ မျက်နှာနဲ့ လှမ်းကြည့်လိုက်သည်။

သူ့မသိစိတ်ထဲ လိုင်လ့်ရှက်ရွံ့နေပေမဲ့ မယ်ဒီရာ့ကိုတော့ မျက်နှာပြောင်တိုက်ကာ ပြန်ကြည့်လိုက်သည်။

"မင်း စာပြန်ရေးလဲ ထူးမှာ မဟုတ်ဘူး"

"ရှင် ဘာလို့ သူများစာကို ဖောက်ဖတ်တာလဲ?"

"ဘာလို့လဲဆိုရင် ဒါက 'သူများစာ' မဟုတ်လို့ပဲ!"

"သူများစာ မဟုတ်ရင်တောင် ရှင် ဖောက်မကြည့်သင့်ဘူး"

ဒါမျိုးပြုမူတာက သူစိမ်းမဟုတ်ပဲ လိုင်လ်ဖြစ်နေခြင်းက မယ်ဒီရာ့စိတ်အခြေအနေကို ပိုဆိုးရွားစေသည်။ သူ ဒီလိုလုပ်မယ်လို့ မယ်ဒီရာ ဘယ်တုန်းကမှ မတွေးခဲ့တာမို့ သစ္စာဖောက်ခံရသလို ခံစားချက်နဲ့အတူ ဒေါသထွက်လာခြင်းက ကြီးမားလှသည်။

ဒါပေါ့၊ လိုင်လ့်ကို ယုံမိလို့ သစ္စာဖောက်ခံရတာတော့ မဟုတ်ပေ။ သူ့ကို သတ်မှတ်ထားတဲ့ သူရဲကောင်းဆိုတဲ့ ခေါငိးစဉ်အောက်က သူ့လုပ်ဆောင်ချက်က စိတ်ပျက်ဖွယ်ကောင်းလွန်းသောကြောင့်ပင်။

ဒါကဝတ္ထုထဲက ဇာတ်ဆောင် လုပ်ရမဲ့ ပုံစံမျိုး မဟုတ်။ မဟုတ်သေးဘူး၊ ဒါက လုခ်နဲ့ စီရီရာကို ဘုရင် သဝန်တိုတုန်းက ပုံစံမလား? ဒါပေမဲ့ သူမက စီရီရာမှ မဟုတ်ပဲ။

မယ်ဒီရာ အတွေးများစွာနဲ့ စာကို ခပ်မြန်မြန်ဖွင့်ဖတ်လိုက်သည်။ လုခ်ဆီက ပြန်စာက သိပ်မရှည်လှပေ။

လုခ်က သူ့အမ သူ့ဆီအရင်ဆက်သွယ်လာတဲ့အပေါ် အတော်လေး ဝမ်းသာနေခဲ့ပြီး မယ်ဒီရာ အဆင်ပြေတဲ့အချိန် သူ့ကို လှမ်းခေါ်နိုင်တဲ့အကြောင်းပင်။

Your Majesty is annoying (Myanmar Translation)Where stories live. Discover now