My King 💞 {part 24}

Beginne am Anfang
                                    

"ဘာလဲ ယောင်္ကျားပေးစားလို့လား...?"

"အင်း ဟုတ်တယ်"

"ဟိ......ခစ်......
မမရဲ့ မိဘတွေကလဲ အရမ်းရယ်ရတာပဲနော်
ကြံကြံဖန်ဖန်......ခစ်...."

"လေပြေ ရယ်လို့ဝပြီလား"

ဆုနန်းက ‌လေပြေ့ကို စိုက်ကြည့်ပြီး မေးလိုက်
တယ်

"ဟဲ......ဝပြီ
ဒါနဲ့လေ မမကို၁ခုလောက်ထပ်မေးလို့ရမလား...?"

"မေးမေး..."

"နန်းတွင်းထဲဝင်ရင် အန္တရယ်များတယ်လေ
လေပြေဆိုလိုတာကိုသိတယ်မဟုတ်လား
မမကလဲ လှတယ်ဆိုတော့ ....."

"ဟုတ်‌တယ်လေ စဝင်တော့ ကုန်ကုန်းရာထူးနဲ့ဝင်တာလေ အာ့မှာ မင်းကြီးနဲ့တွေ့ပြီး အပေးအယူကိစ္စအဆက်ပြေပြီး မိန်းမဝတ်နဲ့လုံလုံခြုံခြုံနေနိုင်နေတာပေါ့"

"ဪ...ဟုတ်
ဒါနဲ့မင်းကြီးနဲ့ မမကဘာအပေးအယူလုပ်ထားကြတာ..?"

"သိတယ်မဟုတ်လား မယ်တော်ကြီးက
ကြင်ယာတော်အတင်းပေးစားနေတာကို"

"ကျွန်ဘဝနဲ့ နေနေတဲ့အချိန်ဆိုတော့ နားစွံ
နားဖျားကြားရတာပဲရှိတာ အသေအချာတော့မသိဘူး"

"လိုရင်း တိုရှင်းပဲပြောပြမယ်ကွာ ရေစိမ်နေတာ တကိုယ်လုံး ပဲကြီးခွံလိုက်နေပြီ"

"ဟုတ်"

"မယ်တော်ကြီးက မင်းကြီးကိုကြင်ယာတော်ပေးစားတယ် မင်းကြီးက ကိုယ့်ကိုအလေးပေးပြီး မယ်တော်ကြီးအထင်လွှဲအောင်လုပ်ပြီး ရှောင်တာပေါ့ ကိုယ်ကအဲ့အတွက်‌ ဘောက်စူးရတယ်လေ"

"ဪ အဲ့လိုကိုး"

"အခုတော့ ကိုယ့်ကိုမလိုပါဘူး မိဖုရားလောင်းလေးရှိနေပြီလေ "

"အဲ့တာဆို မမအလုပ်က ထွက်ရမှာလား"

"မထွက်ရပါဘူး အဲ့အစား မိဖုရားကို စောင့်ရှောက်ရတယ်လေ "

"ဪ အဲ့လိုကို....."

"ကဲ ထရအောင် "

"ဟုတ်"

~ဗွမ်း....ဖလပ်...~

လေပြေအထမှာ လျောပြီးတော့ ဆုနန်းပေါ်

ကိုမှောက်ကြသွားတယ် နှစ်ယောက်သား

ရေချိုး ဇလုံထဲ ပစ်လဲကြကုန်တယ်

My King 💞Wo Geschichten leben. Entdecke jetzt