သူမ၏စာရင်းထဲတွင် နေလုံးလေးနှစ်လုံးဖြင့် နဉ့်ကျီ Overlordအား အလျင်အမြန်ပင် ဆင့်ခေါ်လိုက်သည် "ငါ့မှာ နေလုံးနှစ်လုံးရှိတယ် ၊ ငါ့ရောင်ဝါ၁%အတွက် တစ်လုံးနဲ့ အခြားတစ်လုံးကို လုကုကိုကယ်ဖို့ လဲချင်တယ်" 

Overlord၏ချိုမြမြအသံလေးသည် တိုးညင်းစွာ ထွက်ပေါ်လာခဲ့၏ : [လုကုကို ဒုတိယအကြိမ် ကယ်ဖို့အတွက်ဆိုရင် နေလုံးက သုံးလုံးလိုတာပါ Hostခင်ဗျ] 

"တစ်လုံးတည်းမဟုတ်ဘူးပေါ့?" နဉ့်ကျီမေးလိုက်သည်။ 

Overlord : [တာဝန်ခက်ခဲလေ နေလုံးလေးတွေကို ပိုလိုအပ်လေပါ] 

"နင် ဒီအကြောင်းကို ဘာလို့ အရင်ကတည်းက မပြောတာလဲ? ငါတို့လုပ်နေရင်းမှ ကိစ္စတွေကို နင်ကောက်လုပ်လိုက်တာလို့ ငါဘာလို့ခံစားနေရတာပါလိမ့်?" 

ကြောက်လန့်သွားရှာရင်း Overlord၏ အသံချိုချိုလေးမှာ တုန်ရီနေလေသည် : [ဘာလို့ဆို Hostက တစ်ခါမှမှ မမေးဖူးတာကို]  

"ဆက်သွားရင်ရော?" နဉ့်ကျီ မေးလိုက်သည်။ 

Overlord : [တတိယအကြိမ်အတွက်ဆိုရင် နေလုံးလေးငါးလုံးလိုမှာဖြစ်ပြီး စတုတ္ထအကြိမ်အတွက်ဆိုရင်တော့ နေလုံးလေးဆယ်လုံး]

"တော်ပြီ ၊ ပါးစပ်ပိတ်ထားလိုက်တော့" နဉ့်ကျီ ဆက်နားထောင်နိုင်စွမ်းမရှိတော့။ ဒီမဖြစ်နိုင်တဲ့ဟာကြီးကို သူတို့ရည်ရွယ်ချက်ရှိရှိလုပ်နေတာမလား? 

နဉ့်ကျီသည် လုကု၏လက်ကိုကိုင်ထားရင်း သူမတို့လာခဲ့သည့်လမ်းအတိုင်း ပြန်လျှောက်လာခဲ့၏။ 

လုကုမှာ စိတ်ရှုပ်နေပုံရသည်။ 

နဉ့်ကျီ ပြုံးရင်းဖြင့် သူ့အား စကားဆိုလိုက်သည် "ရှင်က အရောင်တောက်တောက်အင်္ကျီနဲ့ အနီရောင်အင်္ကျီတွေကို သဘောကျတယ်ပေါ့လေ ဟုတ်လား? ကျွန်မတို့ အဲ့ဒီအင်္ကျီတွေအကုန်လုံးကို ဝယ်ပစ်ကြမယ် , အဲ့ဒါတွေက ရှင့်ကို ပျော်ရွှင်အောင် လုပ်ပေးနေသရွေ့ပေါ့" 

ပိုက်ဆံသုံးခြင်းဆိုသည်မှာ ဤသို့ထူးခြားကောင်းမွန်လှသည့် ခံစားချက်မျိုးဖြစ်သည်။ အထူးသဖြင့် တစ်စုံတစ်ယောက်၏ပိုက်ဆံအား သုံးနေသည့်အချိန်ပင်။ 

အမျိုးသားဇာတ်လိုက်၏ညီနှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now