အပိုင်း (၄၃)

Start from the beginning
                                    

သူမကို ရေချိုးပေးရင်း ခေါင်းလျှော်နေချိန်မှာပဲ အစေခံတွေက လိုင်လ် အစည်းအဝေးသွားတက်တဲ့အကြောင်းနဲ့ ချိန်းထားတာ ရှိလို့ တော်ဝင်မျိုးနွယ်တွေနဲ့ သူ ထမင်းစားဖို့ ငြင်းလိုက်တဲ့အကြောင်း လျှောက်တင်သည်။ သူတို့မျက်ဝန်းထဲက အကြည့်တွေက ချိန်းထားတဲ့သူက မယ်ဒီရာ ဖြစ်ကြောင်း ပြောနေသလို။

ထိုအတွေးကြောင့် မယ်ဒီရာ မျက်မှောင်ကြုတ်လိုက်သည်။

[အခုကျ ငါတို့ ထမင်းပါ အတူစားကြမယ်ပေါ့လေ]

လိုင်လ်နဲ့ အတူအိပ်ရတာ ပျော်ဖို့ကောင်းမှန်း မယ်ဒီရာ ဝန်ခံပေမဲ့ ထမင်းအတူစားဖို့က... သက်တောင့်သက်သာရှိမဲ့ အခြေအနေတော့ မဟုတ်ပေ။
(T/N: မယ်ဒီရာ စားပြီး နားမလည်မလုပ်နဲ့နော် 🙊)

အတူအိပ်ရတာထက် ထမင်းအတူစားရတာက ပိုပြီး သက်တောင့်သက်သာမရှိဘူးလို့များ တွေးရတာလဲ။ ရယ်စရာကောင်းလိုက်တာ။

".....စာပို့သမားက မနေ့ကတည်းက ပြန်လာရမှာမလား။ ဘာလို့ အခုထိ ဘာသတင်းမှ မကြားသေးတာလဲ?"

နယ်စားမင်း ကရစ်ခ်ဆီ ပို့လိုက်တဲ့ စာပို့သမားအကြောင်းကြားတော့ အပျိုတော်တွေ အကြည့်လွှဲလိုက်သည်။

ဟင်းး? ဘာဖြစ်တာလဲ? တခုခုတော့ မှားနေပြီမို့ မယ်ဒီရာ အစေခံတွေကို ကြည့်လိုက်သည်။

"ဘာလဲ? ဘာလို့ ငါ့အကြည့်ကို ရှောင်နေတာလဲ?"

"အဲ့ဒါ..."

"အရှင်... အရှင်မင်းကြီးက သူ့ခွင့်ပြုချက်မရပဲ ဘယ်သူမှ နန်းတော်ထဲ မဝင်ရဘူးလို့ အမိန့်ထုတ်ထား..."

"ဘာ?"

မနေ့က မယ်ဒီရာ ပုန်းနေတဲ့အချိန်မှာ လုခ်ဆီက ပြန်စာရောက်လာခြင်းပင်။ သို့သော် ထိုအချိန်တွင် လိုင်လ်ရောက်နေပြီဖြစ်ပြီး မယ်ဒီရာကို ရှာနေတုန်း စာအကြောင်းကြားတဲ့အချိန်မှာ လုခ့်ရဲ့စာကို သိမ်းသွားခြင်းပင်။

"နိုး! အဲ့ဒါ ငါ့စာလေ"

"အဲ..အဲ့ဒါက.."

"မနေ့က အရှင်မင်းကြီးက သခင်မကို စာမပေးဘူးလား?"

အဲ့အကြောင်း တခွန်းတောင် မဟဘူး!! မယ်ဒီရာ စိတ်ဆိုးမာန်ဆိုးနဲ့ ရေချိုးဆောင်ကနေ ထွက်လာပြီး သူမထွက်လာတာနဲ့ အစေခံတွေက သူမအတွက် အတွင်းခံနဲ့ ဝတ်ရုံထုတ်လာပေးသည်။ အပျိုတော်တွေ ယူလာတဲ့ အကျီကို မယ်ဒီရာ ယူဝတ်လိုက်ပြီး လှမ်းမေးလိုက်သည်။

Your Majesty is annoying (Myanmar Translation)Where stories live. Discover now