အပိုင်း (၄၀)

Start from the beginning
                                    

"ဧကရီမှာ အလုပ်များနေမယ် ထင်တယ်။ သခင် ပျော်နေတာကို ကျွန်တော်မျိုး နားလည်ပေမဲ့ စာပို့လုလင်က အခုထိ စောင့်နေတာမို့ ပြန်စာရေးပြီး ပို့ရပါမယ် သခင်"

အိမ်တော်ထိန်း စကားကြားတော့ လုခ် ကြောင်သွားကာ ရှက်သွားသည်။

"အင်း ၊ ငါထင်တာ... ကောင်းပြီလေ။ ဘုရင်မဆိုမှတော့ ငါ့ထက်တော့ အလုပ်များမှာပေါ့။ ခဏစောင့်.."

လုခ် အနီးဆုံးရုံးခန်းထဲ ဝင်သွားလိုက်သည်။

အချွန်ဆုံးကလောင်တံကို ကောက်ကိုင်ကာ မှင်စွတ်ပြီးနောက် ပြန်စာကို သေသေသပ်သပ်ရေးတော့သည်။ ပြန်စာရေးပြီးတဲ့လုခ်က မှင်မပြန့်အောင် သေချာ ပိတ်ပြီးတဲ့နောက် ရုံးခန်းထဲက ပြန်ထွက်ကာ...

"ဒီစာကို ချက်ချင်းပို့.... ငါတို့ ဘုရင်မကို စောင့်ခိုင်းလို့ မဖြစ်ဘူး"

"မှန်ပါ့ သခင်လေး"

စာပို့သမားက လုခ်ဆီက ပြန်စာကို ယူပြီးနောက် မြင်းပေါ်တက်ကာ နယ်စားအိမ်တော်ဆီက ထွက်ခွါလာခဲ့သည်။

စာပို့လုလင်ထွက်သွားတာကို မျှော်ကြည့်ရင်း လုခ် စိတ်လှုပ်ရှားနေခဲ့သည်။

မယ်ဒီရာ ဘယ်တော့ ပြန်စာလာမလဲ သူမသိပေမဲ့ သူကတော့ မျှော်လင့်ချက်တို့နဲ့ စိတ်လှုပ်ရှားနေလေပြီ။

******

နေ့ရက်က လုံးဝမှောင်ကျသွားပြီး သူ့ရုံးခန်း တခုလုံး တိတ်ဆိတ်နေလေပြီ။

ထပ်ပြီး နှောင့်နှေးစရာမလိုတော့ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ လိုင်လ်ရုံးခန်းက ထွက်ကာ ဘုရင်မနန်းဆောင်ဆီ ဦးတည်လိုက်သည်။

သူနန်းဆောင်ထဲ အိပ်မဲ့ အကြောင်း ကြိုပြောထားတာမို့ အရာအားလုံး အဆင်ပြေချောမွေ့လိမ့်မယ်လို့ သူတွေးထားလေသည်။

သို့သော် သူရောက်လာတဲ့ အခါမှာတော့ နန်းဆောင်က ထင်ထားတာထက် ပိုဆူညံနေလေသည်။

"ဘာတွေ ဖြစ်နေတာလဲ?"

လိုင်လ် ပုံမှန်ချိန်တိုင်း ရောက်လာတာ မြင်တော့ အပျိုတော်တွေနဲ့ အစေခံတွေ ပို ပြာယာခတ်သွားသည်။

Your Majesty is annoying (Myanmar Translation)Where stories live. Discover now