23
723 57 7
အပိုင်း ( ၂၃ )
အရင်နေ့ အိပ်မက်ထဲမှာ သွေးအလိမ်းလိမ်း ခန္ဓာကိုယ်ဖြင့် သူ့လာမှာကို စောင့်စားနေတဲ့ ကိုကြီးက သူ့ကို လာစေချင်သလို၊ လာလည် မလာစေချင်ပုံပေါ်သည်။
သို့ပေမဲ့ ဒီနေ့ နံနက် အာရုဏ်ဦး မက်သည့်အိပ်မက်ထဲတွင် ကိုကြီးက သူ့ဆီကို အပြေးလာနေသည်။ အနားကို ရောက်တော့  ပြေးဖက်လိုက်ပြီး ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်သည်။ ပွန်းပဲ့ရာ အနည်းငယ်သာ တွေ့ရပြီး ဘာမှမဖြစ်တာ မြင်မှ သူ စိတ်ကို ဒုံးဒုံးချမိသည်။
ဘေးမှ တအဲအဲ အသံလေးကြောင့် သူ နိုးသွားရသည်။ အရင်ဆုံး ဘေးဘက်က ပြတင်းတံခါးကို ကြည့်မိတော့ ပွင့်နေသည်။ သူ ညက သေချာပေါက် ပိတ်အိပ်တာ။
ဘေးက တအဲအဲ အသံလေးဆီ လှည့်ပြီး ဖွဖွလေး စမ်းသည်။ ရေနံဆီမီးက ဆီကုန်လို့ ငြိမ်းသွားသည်မို့ အခန်းသည် မှောင်နေကာ အပြင်က ဆန်းသစ်စ လမင်း၏အလင်းရောင်သာ ဝင်ရောက်နေသည်။
ကလေးလေးကို စမ်းလိုက်ပေမဲ့ စောင်ကို စမ်းမိပြီး ကလေးကို မစမ်းမိ။ နောင်ရိုးတခေတ် ပူထူသွားကာ ထထိုင်လိုက်သည်။
အမှောင်ထဲတွင် ကလေးကို ချီထားပြီး ဖွဖွလေး ချော့မြူနေသည်။ ထိုလူသည် သူ၏အသည်းချာကြီး ဖြစ်သည်။
" ဦးမင်းမျိုးသူရ "
နောင်ရိုးတခေတ် အလျင်အမြန် ဖက်လိုက်သည်။ သူ ဒီလူကြီးကို လွမ်းနေတာ။ သူတို့နှစ်ယောက်ကြားမှာ ကလေးလေးက ညှပ်မိပြီး တအဲအဲ အသံလေး ထွက်နေသည်။
" ပိစိ ပိမိနေပြီ ကိုယ့်ကို နည်းနည်း လွှတ်ပါအုံး "
" လူယုတ်မာကြီး "
နောင်ရိုးတခေတ် လွှတ်ပေးလိုက်ပြီး ထိုလူကြီး၏ရင်ဘတ်ကို ထုလွှတ်လိုက်သည်။
" အာ့! "
" ဘာဖြစ်လို့လဲ "
နောင်ရိုးတခေတ် မင်းမျိုးသူရ၏ထံမှ နာကျင်သည့်အသံလေး ထွက်လာတော့ ယောက်ယက်ခတ်စွာ ဟိုစမ်းဒီစမ်း စမ်းတော့သည်။
" ကိုယ် ဘာမှမဖြစ်ပါဘူး။ အခု ကိုယ့်ကြောင့် နိုးသွားတာလား "