20
734 63 15
အပိုင်း ( ၂၀ )
မင်းမျိုးသူရ တောတွင်းထဲမှာ မြင်းကို ဒုန်းစိုင်းစီးလျက် ချစ်ရသူကို ရှာနေသော်လည်း မတွေ့။ သူ၏စိတ်အစဉ်သည် ပူလောင်နေသည်။
အချစ်မီးဟပ်ခံရသောအခါ မေတ္တာရေအေးဖြင့် ပက်ဖြန်းမှသာ ငြိမ်းအေးသွားမည်။ ရင်တွင်းမီးလောင်မြိုက်မှုက တစ်ကိုယ်လုံးကို ကျွမ်းဝင်မတတ် ခံရသည်။
သူ ကျင်လည်လာသည့်တောတွင်းမှာ ကောင်လေးကို ရှာရ ခက်လှသည်။ စခန်းသို့ ပြန်ပြီး လူအင်အားဖြင့် ရှာရန် တွေးတောနေစဉ် သူနှလုံးသားမှ အချက်ပြ၍ ဦးနှောက်က အသိဥာဏ် ပွင့်သွားရသည်။
သူ ကောင်လေးကို ချစ်ရေးဆိုခဲ့သော၊  မေတ္တာသက်ဝင်နေကြောင်း ပထမဦးဆုံး ဖွင့်ဟခဲ့သောနေရာ။ မွေးစားအဖေ အမေ့ကို ချစ်ရေးဆိုခဲ့သော နေရာ။ ချောင်းငယ်မှ တက်သွားလျှင် ရောက်သည်။
အတွေးနှင့်အတူ ရွှေညကို ထိုနေရာသို့ ဖြတ်လမ်းမှ  ဦးတည်လိုက်သည်။ ရွှေညသည် သူ့သခင်၏အသည်းချာလေး ရှိသောနေရာသိမြင်နေသည့်အလား အားမာန်အဟုန်ဖြင့် ပြေးတော့သည်။
ထိုအချိန်ကာလက တောနက်ကြီးတစ်ခုထဲတွင် အုန်းခွံရောင်မြင်းကြီးကို လွှားခနဲ စီးပြီး ချစ်သောသူကို လိုက်ရှာနေသည့် လူတစ်ယောက် ရှိသည်။
ထိုနေရာသို့ ရောက်လျှင် တုန်ရီနေသော နောက်ကျောပြင်ငယ်လေးကို တွေ့သည်။ သူ့နှလုံးသားသည် ဖျစ်ညှစ်ခံလိုက်ရသကဲ့သို့ နာကျင်သွားသည်။
ရွှေညကို ချည်ထားခဲ့ပြီး ကောင်လေးအနားကို တိုးသွားပြီး နောက်ကနေ ဖက်လိုက်လျှင် ကောင်လေးက တစ်ချက်တွန့်သွားပြီး ရုန်းသည်။
နောင်ရိုးတခေတ် ရင်းနှီးသော ရနံ့၊ နွေးထွေးသော ရင်ခွင်ကြောင့် တစ်ချက်တွန့်သွားပြီး ရုန်းသည်။ သူ့အတွက် မဟုတ်တော့သည့်လူကို သူ မတွယ်တာချင်ပါ။ အနှောင်အဖွဲ့ရှိနေသော လူကို သူ မချည်နှောင်ချင်ပါ။
" ကိုယ့်အချစ်လေး "
မင်းမျိုးသူရ ကောင်လေးကို တင်းတင်းကြပ်ကြပ် ဖက်၍ ခေါ်ဝေါ်သည်။ မရင်းနှီးသော အခေါ်အဝေါ်ကြောင့် ရင်ထဲ ယားကျိကျိလေး ဖြစ်သွားသည်။