21
648 59 8
အပိုင်း ( ၂၁ )
" ကိုယ့်အနားမှာပဲ နေနော် "
" ကျွန်တော် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ပါတယ် "
နောင်ရိုးတခေတ် မင်းမျိုးသူရနှင့်အတူ ဓားပြတိုက် လိုက်လာသည်။ ယနေ့ အလှည့်ကျ အဖွဲ့မှာ နဂါးအဖွဲ့ဖြစ်သည်။ ထို့ကြောင့် နဂါးအဖွဲ့ဝင် စနေသား နောင်ရိုးတခေတ်က လိုက်ပါလာသည်။
ငွေရှင်၊ ဓနရှင်၊ ကြေးရှင်များကား အလွန်ကို ချမ်းသာကာ ဂုတ်သွေးစုပ်နေကြသည်။ မိုက်ကြေးခွဲလာကြသည့် အသေးစားလူမိုက်၊ ဓားပြများလည်း ငတ်မသေဖို့အရေး ခေါင်းပုံဖြတ်လာကြသည်။
ရွာသည် လူချမ်းသာများ ပေါများသည်။ သူကြီးကလည်း ခေတ်အဆက်ဆက် သူကြီးမျိုးဆိုပြီး ငါတကော ကောသည်။ ဓနရှင်များကလည်း ငါ ငွေရှိတယ် ပုလိပ်မကြောက် ဂတ်မကြောက် လူမျိုးများပင်။
လယ်ယာလုပ်စား၊ စာရင်းငှါး လယ်သမားများမှာ ခေါင်းပုံဖြတ် အမြတ်ကြီး စားခံနေရသည်။ နောက်ဆုံး ငတ်မသေ ပြီးရောဆိုပြီး လုပ်စားနေကြသည့် သူများက ဒုနှင့်ဒေး။
ချမ်းသာကြီးရွာသည် ရွာနာမည်နှင့်လိုက်ဖက်အောင် ချမ်းသာသူ ပေါများသည်။ ယခု မင်းမျိုးသူရတို့ ဝင်စီးမည့်အိမ်မှာ မြို့ပိုင်မင်း သမက်အိမ် ဖြစ်သည်။ မြို့ပိုင်မင်း သမက်ပေမဲ့ အသက်က ၅၀ကျော် ဖြစ်သည်။ မြို့ပိုင်မင်းနှင့် ပခုံးဖက် ပေါင်းလို့ရသည့်အရွယ် ဖြစ်သည်။
ရွာထဲကို မြင်းခွာသံတွေ ကြားရသည်နှင့် ဓားပြတွေ ဝင်လာပြီဆိုတာ သိကြသည်။ မြင်းဟီးသံကိုလည်း ကြားရသည်။ သိပ်မကြာ သေနတ်တစ်ချက်ဖောက်သံကိုပါ ဦးရာဇာကြီးအိမ်ဝန်းအတွင်းဘက်က ကြားရသည်။
ဖြောင်း!!
လက်ပြန်ရိုက်ချက်ကြောင့် ဦးရာဇာကြီး ပါးစောင်ပေါက်သွားပြီး လည်ထွက်သွားသည်။ မင်းမျိုးသူရ ပစ်ရန် ချိန်ရွယ်လိုက်သည်။
" ကိုကြီး ကျွန်တော် ဘာမှမဖြစ်ဘူး "
နောင်ရိုးတခေတ် လက်မောင်း သေနတ်ရှပ်ထိသွားသည်။ ထွက်နေသည့်သွေးများကို လက်နှင့် ဖိကပ်ထားပေမဲ့ အဆက်မပြတ်ထွက်နေသည်။