22
642 59 6
အပိုင်း ( ၂၂ )
နောင်ရိုးတခေတ် လက်ထဲမှာ အနှီးအဖြူလေးဖြင့် ပတ်ထားသော ကလေးကို ငုံ့ကြည့်ကာ လွန်ခဲ့တဲ့ တစ်လခန့်က အကြောင်းကို ပြန်တွေးမိသည်။
ကံတရားသည် ဆန်းကြယ်လွန်းသည်။ ကံမျက်လှည့်သည် ခဏလေးအတွင်း သူတို့ခုနစ်စဉ်ရောင်အဖွဲ့ကြီးကို ပျက်စီးစေသည်။
မမြသွက်သည် မီးတွင်းထဲမှာ သွေးလွန်ပြီး ဆုံးပါးခဲ့သည်။ ကလေးသည် အမိ မဲ့ခဲ့ရသည်။ ခုနစ်စဉ်ရောင် အဖွဲ့သားများသည် နေစရာ ဘုံ ပျောက်ခဲ့ရသည်။
အခု အဖွဲ့သားများသည် တကွဲတပြား ဖြစ်နေကြသည်။ သူလည်း အိမ် ပြန်ရောက်နေသည်။ ကိုကြီးနှင့် အဆက်အသွယ်မရသည်မှာ သူ ဒီရောက်ကတည်းကပင်။ အစ်ကိုကလည်း မျက်နှာ မကောင်းပေ။ အမေတို့ကတော့ သူ ပြန်လာနေတော့ ပျော်မဆုံးပင်။ ကလေးကိုလည်း သူ့သားလို့ သူ ပြောထားသည်။ အမေသည် မြေးဆိုပြီး လက်က မချ။
သူ ကိုကို့ကို လွမ်းသည်။ အဖွဲ့သားများ ဘာဖြစ်နေသလဲ သူ သိချင်သည်။ အစ်ကို့ကို မေးလည်း အငယ်လေး ဝင်မပါနဲ့ဟုသာ ပြောနေသည်။
သူ ဘာမှ မလုပ်ပေးနိုင်တော့ဘူးလား.....
" ကိုကိုလေး ကလေးနဲ့ ဘာလို့ ထွက်ထိုင်နေတာလဲ "
အိမ်ရှေ့ ထွက်ထိုင်နေတော့ အမေက သူ့ကို စိတ်ပူစွာ ဆူသည်။ အမေက သူက မိန်းမ သေပြီး ကလေးတစ်ယောက်နဲ့ ကျန်ခဲ့တာလို့ပဲ ထင်ထားသည်။
ကလေးက တအဲအဲ အသံလုပ်လျှင် အမေက မျက်နှာမကောင်းချင်။ ကလေးကို အိမ်ဘေး အိမ်ရှေ့ မကျန် ကလေးအမေများထံ သွားပြီး ကလေးကို မနက်တစ်ခါ၊  နေ့လယ်တစ်ခါ၊ ညနေတစ်ခါ သွားပြီး နို့တိုက်ပေးသည်။
" ပေး ပေး ကလေးကို မိနွေတို့အိမ် နို့သွားတိုက်ရအောင် "
အမေ့လက်ထဲကို ကလေး ထည့်ပေးလိုက်တယ်ဆို အမေက ခေါင်းပေါင်းကာ ထွက်သွားသည်။ မုဆိုးဖို ကလေးအဖေကို ရွာထဲက သမီးရှင်အချို့က သဘောကျကြသည်။
အမေက သူ့ကို ရွာသာတောဘက်က မိန်းကလေးနှင့် စီစဉ်နေသည်။ ထိုမိန်းကလေးကလည်း လက်ခံသည်။ နောင်ရိုးတခေတ် လက်ခံတယ်လည်း မဆို၊ လက်မခံဘူးလည်း မဆို။ သူ့တွင် အပူသောက ဝိုင်းကာ အပူမိနေသည်။