14
772 78 19
အပိုင်း ( ၁၄ )
ယာတောထဲက ယာတောစောင့်တဲအိမ်လေးထဲတွင် လူ သုံးယောက် ခေါင်းချင်းဆိုင်ကာ ဆွေးနွေးနေကြသည်။ တဲအိမ်လေး၏ရှေ့တွင် ကြွက်အဖွဲ့က ကိုမောင်က လူရိပ်လူခြေ စောင့်နေသည်။
" ဒီပစ္စည်းတွေ အကုန်လုံးကို တစ်ခါတည်း ပို့လို့တော့ အဆင်​ပြေမှာ မဟုတ်ဘူး၊ အခုတလော ခြေရှုပ်နေကြလို့ "
ပို့ဆောင်ရေး တာဝန်ရှိသူက ခုနစ်စဉ်ရောင်အဖွဲ့ကြီး၏ ကြွက်အဖွဲ့ဝင်လည်း ဖြစ်၊ အပြင်တွင် နေကာ သတင်းထောက်လှမ်းပြီး ထောက်ပံ့ရေး လုပ်နေသော မောင်မောင်ကြီး ဖြစ်သည်။ ထိုလူသည် နောင်ရိုးတခေတ်၏ အစ်ကိုအကြီးဆုံး ဖြစ်သည်မှာ မထူးဆန်း။
" အင်း ဒါတွေကို လုံခြုံတဲ့တစ်နေရာမှာတော့ ဝှက်ထားဖို့လိုမယ်၊ အနံ့ခံမိသွားရင် တစ်ဖွဲ့လုံး မလွယ်ဘူး "
" ဟုတ်တယ် ဟိုးတလောလေးကတောင် တောစပ်က ရွာမှာ ဒီကောင်တွေ အနံ့ခံမိသွားသေးတယ်၊ တော်သေးတာက လမ်းကြောင်းလွဲနိုင်သွားလို့ "
" အင်း ဒါဆို မောင်မောင် မင်းဘက်က ငြိမ်နေရင် ကောင်းမယ်၊ အခုတစ်ခေါက် ပစ္စည်းတွေကို ငါ့ဘာသာပဲ တာဝန်ယူပြီး ပို့လိုက်မယ် "
" ဖြစ်ပါ့မလား ကိုကိုကြီး "
" ဖြစ်တယ်၊ ငါ မြို့တော်ကို သွားစရာ ရှိသေးတယ်၊ သီဟ အပြင် ခဏထွက်နေ "
" ဟုတ်ကဲ့ ကိုကိုကြီး "
သီဟ အပြင်ထွက်သွားသည်ဆို ကိုမောင်ကိုပါ ခေါ်ပြီး ယာတဲစောင့်အိမ်နှင့် ခပ်လှမ်းလှမ်းကနေ ရပ်စောင့်နေသည်။
" ကိုကိုကြီး ဘာပြောစရာ ရှိလို့ပါသလဲ "
" ကောင်လေးက အိမ်ကို လွမ်းနေတယ်၊ နောက်ပြီး နေလည်း သိပ်မကောင်းဘူး "
မောင်မောင်ကြီး ကိုကိုကြီး၏စကားကြောင့် အငယ်ဆုံးလေးကို စိတ်ပူမိသွားသည်။ ယုန်သူငယ်လို ဖြူစင်သည့် အငယ်လေးကို ကျားခံတွင်းထဲကို ခုန်မဆင်းစေလိုပါ။ ထို့ကြောင့် ကိုကိုကြီးကို အကူအညီတောင်းကာ အငယ်ဆုံးလေးအား အချိန်တစ်ခုအထိ သေပြီဟူ၍ လုပ်ကြံထားသည်။