16
680 75 19
အပိုင်း ( ၁၆ )
" ကိုကြီး ကိုကြီး "
ရိုးခေတ် နံနက်စောစော မျက်နှာသစ်ရင်း စဥ့်ဘေးက အပင်ကြီးတွင် သစ်ကပ်ပင် သစ်ခွများကို တွေ့လိုက်ရသောကြောင့် လူကြီးကို အော်ခေါ်လိုက်သည်။
" ကိုကြီးလို့!! "
ရိုးခေတ် တဲထဲထိ ဝင်ပြီး အိပ်နေသည့်လူကြီးကို အော်နှိုးလိုက်သည်။
" ဘာလဲ ရိုးခေတ်လေးရာ "
မျက်လုံးကို မဖွင့်ဘဲ ထူးသည်ကြောင့် ရိုးခေတ် လက်မောင်းကို  ကိုင်ကာ အတင်းလှုပ်နှိုးတော့သည်။
" ကိုကြီးလို့ ကိုကြီး "
" တဲရှေ့က အပင်ကြီးမှာ သစ်ခွတွေ ပေါက်နေတယ် ထကြည့်အုံး "
" သစ်ခွတွေကလေ အမျိုးစုံတယ် သိလား "
နှုတ်မှ တဖွဖွ ပြောကာ လက်မောင်းကို လှုပ်နှိုးနေရင်း ပြောသည်။ မင်းမျိုးသူရ သူကိုယ်တိုင် တောထဲမှ အပင်ပေါ်တက်ကာ ယူပြီး ပြောင်းရွေ့စိုက်ထားသည်ကို သူ့အလိုလို ပေါက်နေသည် ထင်နေသောကြောင့် ရင်ထဲ အတော်ကိုခံစားသွားရသည်။
" ကိုကြီးလို့ သစ်ခွတွေ ပေါက်နေတယ် ထကြည့်အုံးလို့ "
" သိလား ကျွန်တော် နံနက်နိုးလို့ မျက်နှာသစ်တော့ အပင်ကို မော့ကြည့်လိုက်တာ သစ်ခွတွေက အများကြီးပဲ ပွင့်နေပြီး အဖူးလေးတွေလည်း ဖူးလို့ "
" ကိုကြီးလို့ "
ရိုးခေတ် ဘယ်လိုနှိုးနှိုး မင်းမျိုးသူရက မထပေ။ သူကိုယ်တိုင် အပင်ပန်းခံ စိုက်ပျိုးထားသည်ကို အလေ့ကျပေါက်နေသည်ပဲ တဖွဖွ ပြောနေသည်။ သူ အတော်ကို စိတ်ဆိုးနေသည်။
" ကိုကြီး မထလည်း နေပေါ့။ အို့အေးတို့ကို သွားခေါ်ပြီး ပြရမယ် "
ရိုးခေတ် နှုတ်ခမ်းစူကာ ပြောပြီး တဲထဲမှ ခုနစ်စဉ်ရောက်အဖွဲ့သားများ နေထိုင်ရာ တဲများဆီသို့ ထွက်သွားသည်။
မင်းမျိုးသူရ ရိုးခေတ်လေး ထွက်သွားမှ ထထိုင်ပြီး စိတ်ပျက်လက်ပျက်ဖြင့် တဲရှေ့က အပင်ကြီးမှာ ကပ်စိုက်ထားသည့်သစ်ခွမျိုးစိပ်များကို ကြည့်ကာ ငိုချင်သွားသည်။