2
1.1K 86 3
                            အပိုင်း ( ၂ )
မင်းမျိုးသူရ၏ သတင်းသည် အညာမြေဒေသ တစ်ကြော၌ ပျံ့နှံ့လျက် ရှိသည်။
ဓားပြတိုက်ခံရသည့် သူများမှာလည်း အရေးပိုင်မင်း၊ မြို့အုပ်မင်း၊ ဆယ်ခိုင်ရွာသူကြီး၊ စာရင်းငှါး လယ်ပိုင်ရှင်သူဌေးကြီးများ၊ ချစ်တီးများသာ ဖြစ်သည်။
အသက်ကို ရန်မမူဘဲ ပစ္စည်းဥစ္စာကိုပဲ ယူတတ်သူ ဖြစ်သည်။ ယခုလည်း ချစ်တီးတစ်ဦး၏အိမ်ကို နေ့လယ်ခင်းပင် ဖြစ်လင့်ကစား ဝင်ရောက်ဓားပြ တိုက်နေသည်။
" ရှိတာ အကုန်ထုတ် ချစ်တီး "
" အတိုလေးရယ် ချစ်တီးမှာလေ ပိုက်ချံလဲ ရှိဘူး ရွှေလဲ ရှိဘူး "
" မလိမ်နဲ့ ချစ်တီး ရွာသူ၊ရွာသားတွေဆီကနေ အတိုးတွေ နင်းကန် မြိုစို့ထားတာ ကျုပ် မသိဘူးများ မှတ်နေလား "
" အတိုလေးရယ် တကယ်ပါ ချစ်တီးမှာ ဘာမှ မရှိပါဘူး၊ အရေးပိုင်မင်းက အတုန်သိမ်းလို့ သွားပြီရယ် "
ချစ်တီးက လက်အုပ်ချီကာ ခေါင်းတခါခါ ခေါင်းတငြိမ့်ငြိမ့်နဲ့ ပြောနေသည်။
မင်းမျိုးသူရ သစ်သားခုံတန်းရှည်ပေါ် ခြေထောက်တစ်ဖက်ကို တင်လျက် လက်ထဲက ဓားမြှောင်ကား သစ်သားစားပွဲ၌ ထောက်လျက် ရှိသည်။
" ဒါဖြင့် မနေ့က မယားချောလေးရော...."
" မလုပ်ပါနဲ့ အတိုလေးရယ် ချစ်တီးလေ ချစ်လို့ကြိုက်လို့ ယူထားတာပါ "
" အဟက် အတိုးနဲ့ သိမ်းထားတာ မဟုတ်ပေဘူးလား "
မင်းမျိုးသူရက မျက်ခုံးတစ်ဖက် ပင့်တက်၍ ပြောတော့ ချစ်တီးမှာ အိမ်တွင်းက မယားချောလေးကို စိတ်ပူမိသည်။
မနေ့ကမှ အတိုးနှင့် သိမ်းယူလာသည့် မယားချောလေးကို ထိပင် မထိရသေး။ အခုတော့ဖြင့် အို မြတ်စွာဘုရား ကယ်တော်မူပါ။ ကယ်တော်မူပါ။ ချစ်တီး၏ ရင်တွင်း၌ အကြိမ်ကြိမ် ကျယ်လောင်စွာ အော်ဟစ်နေမိသည်။
" ကိုကိုကြီး ဒီမှာ "
ဆင်အဖွဲခေါင်းဆောင်က မိန်းမပျိုတစ်ယောက်ကို ခေါ်ယူလာပြီး မင်းမျိုးသူရရှေ့သို့ တွန်းပို့သည်။