1
2.5K 127 11
                             အပိုင်း ( ၁ )
အလယ်ပိုင်းဒေသ၏ အညာဒေသတွင် တောတွင်းဓားပြများ ထကြွသောင်းကျန်းလျက် ရှိသည်။
ထိုခေတ်ကာလ အခြေအနေသည် မြန်မာနိုင်ငံသည် သူ့ကျွန်ဘဝကို ကျရောက်နေသော အချိန်ကာလ ဖြစ်သည်။
အစာရေစာ ငတ်မွတ်ရှားပါးမှု၊ အဝတ်အစား ပြတ်လပ်မှု၊ ငွေကြေး ဖောင်းပွမှု၊ နိုင့်ထက်စီးနင်း ပြုမှုများကြောင့် မြန်မာနိုင်ငံသည် ကျွန်သက် ရှည်ကြာလျက်ရှိသည်။
တိုင်းတစ်ပါးသားတို့၏ ဖိနှိပ်ချုပ်ချယ် နှိပ်စက်မှုများကို မြန်မာပြည်သူ၊ ပြည်သားများမှာ အလူးအလဲ လိမ့်ပိတ်ခံရသည်။
နယ်ချဲ့လက်ပါးစေတို့၏ ဖိနှိပ်ခေါင်းပုံဖြတ်မှုများကိုလည်း တစ်မြေတည်းနေသူချင်း ခံရသည်။ ဘယ်သူသေသေ၊ မသေသေ ငတေ မာရင် ပြီးရောဆိုသည့် လူများက ဒုနှင့်ဒေး။
ဖျက်စီးခံရသည့်မိန်းမလေးပျိုလေးများမှာလည်း အရှက်ကို အသက်နှင့်ကာကွယ်သွားကြသည်မှာလည်း မြင်ရက်စရာ မရှိ။
ထိုချိန်တွင် မင်းမျိုးသူရဆိုသည့် တောပုန်းဓားပြသည်လည်း ထကြွသောင်းကျန်းလျက် ရှိသည်။
မင်းမျိုးသူရတွင် နောက်လိုက်ဓားပြ ရာကျော် ရှိသည်။ မင်းမျိုးသူရသည် ခေါင်းဆောင် ဖြစ်၍ လက်ထောက်နှစ်ယောက်ရှိသည်။ အဖွဲ့ကား ခုနှစ်ဖွဲ့ရှိ၍ တစ်ဖွဲ့တွင်ခေါင်းဆောင်တစ်ယောက် ရှိသည်။
" မနက်ဖြန် ထနောင်းတောကို သွားမယ် "
ဆော်ဩလိုက်သည့်သူက ခြင်္သေ့အဖွဲ့၏ခေါင်းဆောင် ကိုဇိုင်း။
ထနောင်းတောသည် ကြွယ်ဝချမ်းသားသည့်ချစ်တီးများနှင့် လယ်စာရင်းငှားသူဌေးကြီးများရှိသော ရွာကြီး ဖြစ်သည်။
" ကိုကိုကြီး မနက်ဖြန် ထနောင်းတောကို ကျုပ်ပါ လိုက်ပါရစေ "
" မလိုက်နဲ့ "
မဲနက်ပြီး ထူထဲသောမျက်ခုံး၊ ဖြောင့်စင်းပြီး ချွန်သော နှာခေါင်းအောက်၌ တိရိပြီး ပါးလျသောနှုတ်ခမ်းတစ်စုံ၊ ထင်းရင်းနေသောပါးရိုးများနှင့် V shapeပုံစံ မျက်နှာထားက မြန်မာလူမျိုးလို့ အတိအကျ ပြောနေပေမဲ့ မျက်ဝန်းတစ်စုံ။