15
728 75 15
အပိုင်း ( ၁၅ )
မြင်းခွာသံ တခွပ်ခွပ်သည် တောစပ်၌ စည်းချက်မှန်မှန် ထွက်ပေါ်လျက်ရှိသည်။ အုန်းခွံရောင်မြင်းကြီးပေါ်၌ လူနှစ်ဦး စီးနင်းလိုက်ပါလျက်ရှိသည်။
မင်းမျိုးသူရ ကောင်လေးကို ရှေ့၌ တင်စီးပြီး မြို့တော်ကို သွားဖို့ ထွက်လာခဲ့သည်။ ကောင်လေးက သူ့ရှေ့ကနေ အရပ်ရှစ်မျက်နှာကို စူးစမ်းလေ့လာနေသည်။ ရိက္ခာအနည်းက မြင်းနှီးကုန်းပေါ်တွင် ချိတ်ထားသည်။
" ကိုကြီး "
" အင်း "
" ကျွန်တော်တို့ အခုလို ထွက်လာတော့ စခန်းကို စိတ်ချရပါ့မလား "
" ငဘယ်နဲ့ငညာ ရှိတယ် "
" ဒါဆို အကြာကြီးနေရအောင်နော် "
" အင်း "
မြင်းကြီးပေါ်၌ ကောင်လေးက စကားတွေ တတွတ်တွတ်ပြောနေပေမဲ့ မင်းမျိုးသူရက အင်းအဲလောက်သာ အဖြေပေးသည်။ ကြာတော့ စကားပြောရတာ မောသွားသော ကောင်လေးက ငြိမ်ငြိမ်လေး ရွှေညကို ပွတ်သပ်ပေးနေသည်။
မေတ္တာသက်ဝင်မိနေသည့်လူသားနှင့် ခန္ဓာချင်းပူးကပ်နေရသော ဝဋ်ကြွေးလှလှလေးသည် သူ့အား ဒုက္ခအပူမီးဟပ်စေသည်။
တောစပ်၏ရွာကို ရောက်တော့ မင်းမျိုးသူရ ရွာထိပ်က အိမ်ကြီးထဲကို ဝင်လိုက်သည်ဆို ကလေးတစ်ဦးက ထွက်ကြိုသည်။
" ဘကြီး နေကောင်းလား "
" ဘကြီးက မနေ့ကပဲ တောင်ရွာကို သွားတယ် ကိုကိုကြီး "
" အင်း ငါ့အတွက် လှည်းတစ်စီး စီစဉ်ပေး "
မင်းမျိုးသူရ သွေးမတော်သားမစပ် သူ့ကို ကျွေးမွေးစောင့်ရှောက်ပေးသော ဘကြီးကဲ့သို့ လေးစားရသော ဦးမြို့မင်းအိမ် ဝင်ခဲ့သည်။ ဘကြီးသည် တစ်ချိန်က မြို့တော်ဝန်ထောက်တစ်ဦး ဖြစ်သည်။ သူ မြင်းပေါ်မှ ဆင်းပြီး ကောင်လေးကို ချပေးလိုက်သည်။
" ဒါ ကိုယ့်မွေးစားအဖေလို ဘကြီးအိမ် "
" ဟုတ် "
ကောင်လေးက အရှိန်ဝါကြီးသော အိမ်ကြီးကို ကြည့်ပြီး ကုတ်ချောင်းကုတ်ချောင်း ဖြစ်သွားသည်။ ခဏအကြာ လှည်းမောင်းနှင့် နွားလှည်းတစ်စီး စီစဉ်ပေးလာသည်။