4
957 88 2
                                 အပိုင်း ( ၄ )
နောင်ရိုးတခေတ် အမှောင်ထဲမှာ ပြေးလွှားနေရသည်။ သူ၏ခန္ဓာကို လူ့ဘီလူးကြီးက ဖိထားသည်။ ရုန်းသည်။ ပြေးသည်။ အော်သည်။
သူ နောက်ဆုံး မောဟိုက်လာရသည်။ အမှောင်အတိ ဖုံးနေသော ပတ်ဝန်းကျင်က အလင်းရောင်ဆိုတာ စိုးစဉ်းမျှ မမြင်ရ။
သူ၏ခေါင်းတစ်ခုလုံး မူးဝေလာရသည်။ ရင်ဘတ်ထဲက နှလုံးခုန်းနှုန်းက ပိုတိုးသိသာစွာ ခုန်လာသည်။
မောသည်။ ပြေးရတာလည်း အားအင်တွေ ကုန်ခမ်းလာရသည်။ ခြေကုန်လက်ပန်းကျပြီး လူက နေရာကနေ လက်လေးတစ်ချောင်းပင် မသယ်ချင်တော့ပါ။
သူ ထပ်ပြေးနေပေမဲ့ ခြေထောက်တို့က ပျော့ခွေကျသွားသည်။ အမှောင်တို့ ကြီးစိုးနေသည်။ မြင်ရပြီ။ အလင်းစက်လေး.....။
ဟုတ်တယ်။ အလင်ရောင် အမျှင်တန်းလေး မဟုတ်ဘဲ။ အလင်းစက်သေးသေးလေး။ တကယ့်မှ သေးသေးလေး။
ထိုအလင်းစက်လေးက အမှောင်ထုထဲမှာ ပျောက်ကွယ်သွားသည်။ လိပ်ပြာလေး တစ်ကောင်လို ရှပ်ပြေးပြီး ပျောက်ကွယ်သွားတာ။
သူ၏မျက်ဝန်းအစုံသည်လည်း အမှောင်ကျသွားသည်။ ဂူတစ်ခု၊ အလုံပိတ်လိုနေရာမှာ သူ ရောက်နေတာ။ သူ မွန်းကြပ်သည်။
မင်းမျိုးသူရ အရင်းရှင်လယ်ပိုင်သူဌေးကြီး တစ်ဦး၏အိမ်ကို ဝင်ရောက် စီးရာမှ မြင်းပေါ် ခုန်အတက် ကြားရသည့် စကားသံတွေ။
လှမ်းကြည့်တော့ ပိန်ပါးပါးလူငယ်လေးတစ်ယောက်၊ တုတ်ကောက်နဲ့ ဝတ်စုံပြည့်ဝတ်ထားပုံက မျက်လုံးထဲမှာ ကြည့်ရတာ ကန့်လန့်ဖြစ်မသွား။
မြင်းကို ခြံဝန်းထဲကတည်းက ဒုန်းစိုင်းမောင်းနှင်ပြီး စီးထွက်လာသည်။ နောက်ကနေ လှမ်းပစ်လိုက်သည့် ဝှစ်ခနဲအသံကြောင့် မြင်းရှေ့ တုတ်ကောက်နဲ့ ကို့ရို့ကားရား လုပ်နေသူကို ခါးကနေ ဆွဲမကာ မြင်းပေါ် ခေါ်တင်လာပြီး ရွာပြင်ရောက်မှ ချထားခဲ့မယ်လို့ တွေးထားပေမဲ့။
မြင်းပေါ်မှာ သတိလစ်မေ့မြောသွားတာတစ်ကြောင်း၊ မှောင်ရီပျိုးနေပြီ ဖြစ်တာတစ်ကြောင်း နောက်ဆုံး အရှုပ်အထုပ်က စခန်းထိ ပါလာခဲ့သည်။