ချူချန်ပြောလိုက်သည်။

ကျန်းနန်လည်းထပ်မပြောနိုင်တော့ပေ။ချူချန်ရဲ့ဆိုလိုရင်းကအရမ်းရှင်းနေပြီဟာ။ကျိချင်းကျိုးဇာတ်ကားရိုက်ချင်ရင် ဆက်ရိုက်နိုင်တယ်။တကယ်လို့သူသာမရိုက်ချင်တော့ နစ်နာကြေးပေးပြီးချက်ချင်းနှုတ်ထွက်နိုင်တယ်။ချူမိသားစုကသူ့နောက်မှာရှိနေပြီး ‌အရင်းအနှီးပြတ်လပ်နေတာမဟုတ်ပေ။သူသာလိုချင်ရင် ပိုကောင်းတဲ့အရင်းမြစ်တွေနဲ့ပိုကောင်းတဲ့ထုတ်လုပ်ရေးအဖွဲကိုတောင်ရနိုင်သည်။

ချူချန်ရဲ့ရက်စက်တဲ့စကားလုံးတွေက ဒီနေရာတွက်လုံလောက်နေပြီဖြစ်၍ အချိုထပ်ကြွေးဖို့လည်းမမေ့ပေ။

"ကျန်းကျဲက ကျွန်တော့်ကိုမျက်နှာသာပေးတဲ့တွက် ကျွန်တော်လည်း မျက်နှာသာပေးလိုက်ပါ့မယ်…အရင်ကကိစ္စတွေလည်း ပြီးပြီပဲလေ…ပြီးပြီးသားတွေကိုချင်ကျိုး အရေးမထားသလို ကျွန်တော်လည်းတူတူပဲ…ပြန်တွေးကြည့်ရတာကိုစိတ်မဝင်စားဘူး။ဆိုတော့ လူတိုင်းပျော်ပျော်ရွှင်ရွှင်ပူးပေါင်းကြတာပေါ့…ကျန်းကျဲဖြစ်ဖြစ်ဒါရိုက်တာကြီးဖြစ်ဖြစ် အကုန်လုံးဒီအသိုင်းဝိုင်းထဲကပဲလေ။မိတ်ဆွေတွေပေါ့ဗျာ။ကျွန်တော်လည်း ဒီနေ့ဒေါသနည်းနည်းထွက်နေတော့ စကားကောင်းကောင်းမပြောခဲ့မိဘူး။ဗွေမယူကြပါနဲ့နော့။ညီလေးနစ်နာနေတာကိုဘယ်အစ်ကိုကြီးကမှကြည့်မနေနိုင်ကြဘူးလေ။ဒါဆို နေ့လည်ဘက်အခန်းတွေကိုတစ်ခြားသူတွေဆက်ရိုက်နိုင်ပါတယ်…ကျွန်တော့်တိတိကိုတော့ ညစာစားဖို့အရင်ဆုံးခေါ်သွားဦးမယ်"

ကျန်းနန်သည်လည်း ထိုစကားတွေကြားသည်နှင့်ပြန်ပြောလာ၏။

"ဥက္ကဌချူတွက် ဒီကိုလာဖို့က ကြုံတောင့်ကြုံခဲပဲလေ…ကျွန်မ ရှင်နဲ့ရှောင်ကျိတွက် အစီစဉ်လေးတွေ လုပ်ပေးရမလား…အရင်ကဖြစ်ခဲ့တာတွေတွက် ရှောင်ကျိကိုအစားထိုးပေးတယ်လို့မှတ်ယူနိုင်ပါတယ်ရှင်"

"မလိုပါဘူး"
ချူချန်ငြင်းဆန်လိုက်သည်။

"ကျွန်တော်က လူအများကြီးနဲ့မစားတတ်ဘူး…ကျန်းကျဲလည်းအလုပ်များနေတော့ ယဉ်ကျေးစရာမလိုပါဘူး"

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now