"ချန်းကောပဲ ပြောလိုက်ပါ"

ချန်ကျိယွမ် ဖုန်းယူလိုက်ပြီး ခပ်ပြတ်ပြတ်ပြောလိုက်သည်။
{ကျွန်တော် ချန်ကျိယွမ်ပါ။လိလိက ဘာလို့ ကျိချင်းကျိုးကိုပြင်ပေးရမှာလဲ။အဖွဲ့ခေါင်းဆောင်းကျန်းက ကျွန်တော့်ကို ဇာတ်ပို့တစ်ယောက်နဲ့ shareခိုင်းစေချင်တာလား။ကျွန်တော့်ကိုမခန့်တာလား}

ကျန်းအိုက်တော့ ခေါင်းကိုက်လာပြီ။ချန်ကျိယွမ်က ကျိချင်းကျိုးကို ပစ်မှတ်ထားခဲ့တာ သူမဘာလို့မေ့သွားရတာလဲ? သူမအိပ်ရာမနိုးခင် ကျန်းနန်ကလည်းဖုန်းခေါ်လာတော့ ဖုန်းတစ်ဖက်မှကျန်းနန်ပြောလာတဲ့
{နင့်မှာလူနှစ်ယောက်ပိုသေးလား။တစ်ယောက်က မိတ်ကပ်တွက်။တစ်ယောက်ကဆံပင်တွက်။ကျွမ်းကျင်ရမယ်၊စိတ်ထားကောင်းရမယ်ပြီးတော့ သည်းခံတတ်ရမယ်…} ဆိုတာလည်းကြားရောသူမ မစဉ်းစားဘဲပြန်ဖြေလိုက်မိသည်။

{လုလုနဲ့လိလိပဲ}

လုလုကတော့ အဆင်ပြေပါရဲ့။ချန်ကျိယွမ်ရဲ့မကျေနပ်ချက်တွေကြောင့် သူမ ချန်ကျိယွမ်ကိုမိတ်ကပ်ပြင်ပေးခဲ့တဲ့အချိန်က သိပ်မကြာခဲ့ပေ။သို့သော် လိလိကတော့ ချန်ကျိယွမ်ကိုတာဝန်ယူနေဆဲဖြစ်ပြီး ချန်ကျိယွမ်ကလည်း အလွန်အဖြစ်သည်းတော့ လိလိ ကျိချင်းကျိုးကိုပြင်ပေးတာမကြိုက်မှာသေချာသလောက်ပင်။

ကျန်းအိုက်က ချက်ချင်းဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။
{ငါသတိမထားလိုက်မိတာ။လိလိကမင်းတွက်ပဲပြင်ပေးသင့်တာပေါ့။ရှောင်ကျိဆီကျတစ်ခြားသူတွေသွားဖို့ စီစဉ်ပေးလိုက်မယ်}

တော်သားပဲလို့ချန်ကျိယွမ်တွေးလိုက်ပြီး လှောင်ပြုံးပြုံးလျက် ဖုန်းချလိုက်ကာ လိလိဆီဖုန်းပြန်ပေးလိုက်သည်။

"ရပြီ။မင်းသွားစရာမလိုတော့ဘူး"

လိလိက ဖုန်းပြန်ယူလိုက်ပြီး ဘာမျှမပြောရဲသဖြင့် ခေါင်းညိမ့်ပြလိုက်သည်။

စွင်းလင်း တံခါးခေါက်ပြီးဝင်လာတဲ့အချိန်မှာတော့ လုလုအံ့ဩသွားမိတယ်။
"ဒီကိုဘာလာလုပ်တာလဲ"

စွင်းလင်းက သူမဘေးကိုလျောက်လာပြီး အသံတိုးတိုးပြောလိုက်သည်။
"ချန်ကောက လိလိကိုမသွားခိုင်းလို့တဲ့။ ခေါင်းဆောင်က ကျိကောကိုပြင်ပေးဖို့ငါ့ကို လွှတ်လိုက်တာ"

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now