သူမက အမြဲဉာဏ်ကောင်းသူဖြစ်တဲ့တွက် ဒီတစ်ခါတော့ လုလုနဲ့လူလဲဖို့ကို တွန့်ဆုတ်စွာ အလေးအနက်ပြောလိုက်သည်။

“ငါပဲအမြဲရှောင်ကျိကိုလိမ်းပေးထားပြီး ရုတ်တရက်ကြီး လူပြောင်းလိုက်တော့ ငါတို့ ပုံစံတွေမတူလောက်ဘူးလေ။ရှောင်ကျိအနေနဲ့ကလည်း ပုံရိပ်မကောင်းတော့မှာကိုငါကြောက်မိတာပါ”

“ဘယ်လိုဖြစ်နိုင်မှာလဲ”

လုလုကတော့ သူမကအရမ်းအတွေးပွားလွန်းတယ်လို့ထင်တယ်။

“ညီမပုံစံတိုင်း ပြောင်းပြီးပြင်လိုက်ရင်တောင်မှ ကောင်းကောင်းကိုင်တွယ်နိုင်တာမို့ ပရိတ်သတ်တွေလည်း မကျေမနပ်ဖြစ်ကြမှာမဟုတ်တော့ဘူး”

“နင်ဘာပြောချင်တာလဲ။ငါကတော့ ကောင်းကောင်းမပြင်တတ်ဘူးပေါ့”

လုလု ပြုံးလိုက်သည်။

“အစ်မရှင်း အရင်ရက်တွေက အစ်ကိုကျိကိုမိတ်ကပ်ပြင်ပေးတော့ ကောင်းကောင်းမွန်မွန်မလုပ်ခဲ့ဘူးလေ။ညီမတစ်ခုမှတ်မိသွားပြန်ပြီ။အစ်ကိုကျိကို အောက်ခံမိတ်ကပ်လေးလိမ်းပြီး မျက်ခုံးမွှေးပဲဆွဲပေးခဲ့တာ အစ်မမဟုတ်ဘူးလား”

လုလုက ခေါင်းတစ်ခါခါနဲ့ပြောလာသည်။

“ပြောချင်တာတော့ရှင် အစ်ကိုကျိက အရမ်းကြည့်ကောင်းနေလို့ပေါ့။မဟုတ်ဘဲ ရုပ်ဆိုးဆိုးပုံစံနဲ့သာ ကင်မရာထဲပေါ်လာကြည့်ပါလား ဒါရိုက်တာက အဖွဲ့ခေါင်းဆောင်ကို ခေါ်ဆူတော့မှာပဲ”

ကျောင်းရှင်းဟာ သူမစကားတွေကိုကြားချိန်မှ အရင်က ကျိချင်းကျိုးအား သူပြီးစလွယ်လုပ်ထားတာတွေကိုပြန်မှတ်မိလာပြီး ခဏတွင်း ဘယ်လို ပြန်ပြောရမလဲ မသိတော့ပေ။

သူမအစား လုလုကတော့ လျှာစောင်းထက်နေခဲ့သည်။

“အစ်ကိုကျိကို မိတ်ကပ်ပြင်ပေးဖို့ အချိန်အကြာကြီးယူတာလဲ အစ်မရှင်းပဲမဟုတ်လား။အခု ညီမကိုဘာလို့ လုပ်ခွင့်မပေးတာလဲ။အစ်မလည်း စိတ်ပါလက်ပါလုပ်ပေးနေတာမှမဟုတ်တာ ဘာလို့လဲရှင့်”

“နင်…”

ကျောင်းရှင်းကထပ်ပြောချင်သေးသော်လည်း အသံတစ်ခုက ကြားဖြတ်ဝင်လာခဲ့တယ်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now