Chapter -16.32

108 13 0
                                    


[Unicode]

သတင်းခေါင်းစဉ်မှာ လွှမ်းမိုးခြယ်လှယ်ထားတဲ့ ရုပ်ရှင်ဘုရင်မ [32]

စုမုယွမ်ကဓာတ်ပုံကို အကြိမ်ပေါင်းများစွာ ထပ်ခါထပ်ခါကြည့်ကြည့်တယ်။တကယ်တော့ ဒီရှုထောင့်ကနေသူမရိုက်နိုင်မှာမဟုတ်ဘူး။

အဲ့ဒီရှုထောင့်အတိုင်းရအောင် သူ့ဖုန်းကိုသုံးပြီးလိုက်လုပ်ကြည့်ရာကနေ နောက်ဆုံးပန်းအိုးထဲမှာ လျှို့ဝှက်cameraတစ်လုံးကိုတွေ့သွားတယ်။

စုမုယွမ်ကထိုကင်မရာကို သူ့အတွက်စုံစမ်းစစ်ဆေးပေးရန် မည်းမှောင်နေတဲ့မျက်နှာနဲ့အမိန့်ပေးလိုက်တယ်။

ဝမ်ချောင်ကသူမရဲ့အဝတ်တွေအားလုံးကို ပြန်ဝတ်ပြီးပြီ။မျက်နှာကဖြူရော်နေတာတောင် သူမကတည်ငြိမ်ဖို့ကြိုးစားနေသေးတယ်။ "မစ္စတာစု ကျွန်မတို့ဒါကိုone-night standအနေနဲ့ထားလိုက်ရအောင်၊ဒီအခန်းထဲကထွက်သွားတာနဲ့ ကျွန်မတို့တစ်ယောက်ကိုတစ်ယောက် မသိခဲ့ကြသလိုနေကြမယ်"

စုမုယွမ်သရော်လိုက်တယ်။ "မင်းကိုယ်မင်း ဒီအခန်းထဲကနေထွက်သွားနိုင်မယ်ထင်လို့လား?"

"ရှင်ကဘာလုပ်ချင်သေးလို့လဲ..." 'ငါသူနဲ့အိမ်မိတာလေးနဲ့ပဲ ငါ့ကိုသတ်တော့မလို့လား?'

နောက်ထပ်အချိန်ခဏလေးအတွင်းမှာပဲ စုမုယွမ်ပြောချင်တာ ပါပါရာဇီတွေမှန်း ဝမ်ချောင်နားလည်လိုက်တယ်။

ဓာတ်ပုံကိုဖော်ထုတ်လိုက်တဲ့လူက လိပ်စာကိုပါဖော်ကောင်လုပ်လိုက်တာပဲ။

အခုချိန်အပြင်မှာပါပါရာဇီတွေအများကြီးရှိလောက်တယ်။
……
စုမုယွမ်ကဓာတ်ပုံကိုချက်ချင်းပဲ ဖျက်ပစ်ပေမယ့်အဲဒါကnetizenတွေ အတင်းတုပ်မှာကိုမရပ်တန့်နိုင်ခဲ့ဘူး။

'ဂုဏ်ယူရသောနေ'မှာဝမ်ချောင်ပါဝင်သရုပ်ဆောင်ထားတတာက မှတ်ချက်ပေးခံရပြန်ပြီ။ ဒီတစ်ခေါက်တော့သူမခေါင်းစီးမှာနေရာယူလိုက်ပြီ။

ဒါပေမဲ့အဲဒါကမကြာလိုက်ပါဘူး။ မကြာခင်မှာပဲတခြားသတင်းတစ်ခုကနေရာဝင်ယူပြန်တယ်။

[ပို့စ်တင်သူ၏မှတ်ချက်:လန်ရှန်းကိုယ်ဝန်ရှိနေပြီထင်တယ်]

Final Boss Is No Joke [Arc 16]Where stories live. Discover now