Chapter -16.2

206 25 0
                                    

{Unicode}

သတင်းခေါင်းစဉ်မှာ လွှမ်းမိုးခြယ်လှယ်ထားတဲ့ ရုပ်ရှင်ဘုရင်မ[2]

ရှီရှန်းက ဖျော်ဖြေရေးလောကကို နည်းနည်းလေးမှစိတ်မဝင်စားဘူး။ အဲဒီတော့ကံမကောင်းတဲ့ငါလေးက အထက်ကလူတွေရဲ့အမိန့်တွေကို လိုက်နာဖို့ အတင်းအကျပ်ခိုင်းစေခံနေရတာပေါ့!

ချန်ယွမ်က အစောတည်းကထွက်သွားပြီး ကျန်ခဲ့တဲ့ရှီရှန်းကတော့ ပျင်းရိစွာနဲ့ တီဗွီကြည့်နေလိုက်တယ်။

အခုအချိန်အရဆို ဇာတ်လိုက်ကနိုင်ငံခြားမှာရှိနေတုန်းဆိုတော့ ဇာတ်လိုက်မနဲ့မတွေ့ရသေးဘူး။

ရှီရှန်းက သူမရဲ့ဖုန်းကိုထုတ်လိုက်ပြီး လန်ချင်းကိုစာပို့လိုက်တယ်။
...
လန်ချင်း အစည်းဝေးကနေထွက်လာပြီး သူ့နားထင်ကိုနှိပ်နေစဉ်မှာပဲ သူ့ဖုန်းသံထွက်လာတာကိုကြားလိုက်ရတယ်။

သူဖွင့်ကြည့်လိုက်ပြီး ချက်ချင်းဆိုသလို ဖုန်းရှေ့ပိုင်းမှာ စာပို့ထားတာတွေ့လိုက်တယ်။

[အကို့မှာ ထမင်းစားဖို့အချိန်ရှိလား? ညီမဒကာခံမှာပါ။]

လန်ချင်းရဲ့ ခြေကုန်လက်ပန်းကျမှုဟာ ချက်ချင်းလက်ငင်းပဲပျောက်သွားပြီး စာပြန်လိုက်တယ်။

[ညီမလေးလို နာမည်ကြီးတစ်ယောက်က အကို့ကိုထမင်းကျွေးဖို့အချိန်ရှိတယ်ပေါ့လေ?ညီမလေးပဲနေရာရွေးထားလိုက်၊ဒါနဲ့အကို မင်းကိုလာခေါ်ဖို့လိုသေးလား?]

[ညီမပဲ အကို့ကိုလာခေါ်လိုက်တော့မယ်။]

လန်ချင်းက အဲ့ဒီစာကြောင်းအနည်းငယ်ကိုကြည့်နေလိုက်တယ်။
'သူမ အခုဘာလုပ်ချင်နေတာလဲ???'

လန်ချင်းလည်း သူ့ဘေးမှာကျိုးနွံစွာခေါင်းငြိမ့်နေတဲ့ အတွင်းရေးမှူးကို ဒီနေ့အတွက် ချိန်းဆိုထားတာအားလုံးကိုဖျက်သိမ်းဖို့ အမိန့်ပေးလိုက်တယ်။

ကြည့်ရတာ မမလေးလန်က ဥက္ကဌကို ထမင်းစားဖိတ်လိုက်ပြန်ပြီဖြစ်မယ်။ ဒီအကြောင်းအရင်းကလွဲလို့ ဥက္ကဌရဲ့အလုပ်တွေကိုဘေးဖယ်ဖို့ စွမ်းနိုင်တဲ့တခြားအကြောင်းအရင်း မရှိနိုင်ချေ။

Final Boss Is No Joke [Arc 16]Hikayelerin yaşadığı yer. Şimdi keşfedin