Chapter -16.15

121 13 0
                                    

[Unicode]

သတင်းခေါင်းစဉ်မှာ လွှမ်းမိုးခြယ်လှယ်ထားတဲ့ ရုပ်ရှင်ဘုရင်မ[15]

ဒါကကြိုတင်မခန့်မှန်းထားတဲ့ အဖြစ်အပျက်ပဲ။

သူမတကယ်ပဲသူ့ကိုရိုက်လိုက်တယ်ပေါ့လေ...

သူမရူးသွားတာများလား?

"မင်း မင်း..."

ရှီရှန်းက ဝိုင်ပုလင်းကိုကောက်ယူဖို့အတွက် သူမခန္ဓာကိုယ်ကိုကွေးလိုက်ပြီး တုံ့ဆိုင်းတွေဝေနေမဲ့သဘောထားမျိုးမရှိဘဲ ဟန်လုပ်ပြုံးလိုက်တယ်။ "နင်ငါ့ကို စည်းမျဉ်းတွေလိုက်နာစေချင်သေးလား?"
|ရှီရှန်းကသူ့ကို ရိုက်တော့မှာမို့ ကိုယ် youနေရာမှာ နင်,ငါလို့ပဲသုံးလိုက်တယ်|

ကြည်လင်ပြတ်သားတဲ့အသံနဲ့ ပြုံးထားပေမယ့်လည်း တော်တော်လေးကို ကြောက်မက်ဖွယ်ကောင်းတယ်။

လီကျဲက ရုတ်တရက်ဆိုသလို ကြောက်လန့်သွားရတယ်။
"မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ?"

"သင်ခန်းစာပေးနေတာလေ" ရှီရှန်းဝိုင်ပုလင်းကိုမြှောက်လိုက်ပြီး ရိုက်ချလိုက်တယ်။

'Pa!'လူတိုင်း ကြက်သီးထသွားရတယ်။

'သူမတကယ်ပဲသူ့ကို ရိုက်လိုက်တာလား?'

"နောက်တစ်ကြိမ်သာဆို သင်ခန်းစာလေးနဲ့မပြီးသွားဘူး...တစ်ခါတည်းအဆုံးသတ်ပေးလိုက်မယ်" ရှီရှန်းက ကွဲသွားပြီဖြစ်တဲ့ ဝိုင်ပုလင်းကို မြေပြင်ပေါ်ပစ်ချလိုက်တယ်။

လီကျဲ,အရိုက်ခံရပြီးနောက်မှာ ခေါင်းမူးသလို ခံစားလာရတယ်။သူကထုံနေပြီး နွေးနေကာစေးကပ်နေတဲ့ ခေါင်းကိုပွတ်သပ်ကြည့်လိုက်တယ်။

သွေး...

လီကျဲကနေရာမှာတင် မျက်ဖြူလန်ပြီးသတိလစ်သွားတော့တယ်။

"အမှိုက်လိုကောင်"

ရှီရှန်းက အခန်းထဲမှာရှိတဲ့သူတွေကိုတစ်ချက်ဝေ့ကြည့်လိုက်တယ်။သူတို့ထဲကတော်တော်များများကတော့ အခုလေးတင်ဘာဖြစ်သွားလဲဆိုတာ မှတ်တမ်းမတင်လိုက်နိုင်ဘူး။

'နူးညံ့ကြင်နာတတ်ပြီး ဣနြေ္ဒသိက္ခာရှိတဲ့နတ်ဘုရားမက ဘာဖြစ်သွားတာလဲ?

Final Boss Is No Joke [Arc 16]Where stories live. Discover now