Chapter-16.10

140 17 0
                                    

[Unicode]

သတင်းခေါင်းစဉ်မှာ လွှမ်းမိုးခြယ်လှယ်ထားတဲ့ ရုပ်ရှင်ဘုရင်မ[10]

"ငါမင်းကို ဈေးသွားဝယ်ဖို့ပြောလိုက်တာ နှစ်လိုဖွယ်ကောင်းတဲ့မင်းသမီးတွေကို သွားပြီးချီးမွမ်းနေဖို့မဟုတ်ဘူး" တိုက်ခန်းထဲကနေ ကွဲအက်နေတဲ့အသံတစ်သံ ပေါ်ထွက်လာတယ်။

ကြံ့ခိုင်ပြီး တောင့်တင်းသန်မာတဲ့ သဏ္ဌာန်နဲ့လူတစ်ယောက် အိမ်ထဲကနေထွက်လာပြီး ကောင်လေးရဲ့ဖင်ကိုကန်ချလိုက်တာကြောင့် ရှီရှန်းအရှေ့ကိုလဲကျသွားတယ်။

'အာ,ငါကနတ်ဘုရားမလန်နဲ့ ဒီထက်ပိုပြီး နီးကပ်အောင် ဆက်သွယ်ချင်နေတာလေ'ကောင်လေးကတွေးလိုက်တယ်။

သူကနှုတ်ခမ်းဆူလိုက်ပြီး လန်ရှန်းဆီသူ့လက်မောင်းကို ဆန့်ပေးနေတဲ့အချိန် အတော်လေးကို ပျော်ရွှင်မြူးထူးနေခဲ့တယ်။

စိတ်အနှောင့်အယှက်ဖြစ်လာတဲ့ ရှီရှန်းက ချက်ချင်းပဲသူ့ကို နံရံဆီကန်ထည့်ပလိုက်တယ်။

"ရို့,မင်းဘယ်သူလဲ,မိန်းကလေး?" ရှီရှန်း ထိုအသံခပ်ဩဩကြောင့် သူမရဲ့အာရုံက ထိုအရပ်ရှည်ရှည်နဲ့ ကြေးညိုရောင်အသားအရေပိုင်ရှင်ဆီ ရောက်သွားတယ်။

သူ့လက်မောင်းတစ်ပြင်လုံး တက်တူးတွေနဲ့ပြည့်နေပြီး သူ့ရဲ့မျက်ခုံးခုံးမွှေးထူထူနဲ့ အနည်းငယ်လေးထောင့်ဆန်နေတဲ့မျက်နှာပေါ်က အကြည့်တွေကခက်ထန်နေတယ်။

"ဒီမှာကုချီရှိလား"ထိုလူကြီးက သူမအပေါ်မကောင်းတဲ့အကြည့်နဲ့ စိုက်ကြည့်နေတာကိုရှောင်ရင်း မေးလိုက်တယ်။

"အို,ဒါဆို မင်းကကုချီကိုရှာနေတာပေါ့, သူဒီမှာရှိတယ်,အထဲဝင်လာလို့ရတယ်!" ထိုလူကြီးက မရိုးသားစွာနဲ့ ဟက်ဟက်ပက်ပက်ရယ်လိုက်ကာ ရှီရှန်းကို အိမ်ထဲသို့ညွှန်ပြလိုက်သည်။

အသားညိုညိုနဲ့လူကြီးက ရှီရှန်းကိုအိမ်ထဲဝင်ခွင့်ပြုနေတာကို ကြားလိုက်တော့ ကောင်လေးကချက်ချင်းပဲ နံရံကနေတွားသွားလာပြီး"ထျန်းကော,ဒါက......"အသားညိုညိုနဲ့လူကြီးရဲ့အလွန့်အလွန်ခက်ထန်နေတဲ့အကြည့်နဲ့ ဆုံလိုက်မိတာကြောင့် သူ့ဝါကျတောင်ဆုံးအောင် မပြောလိုက်နိုင်ရှာဘူး။

ရှီရှန်းတိုက်ခန်းအိမ်ထဲကို ဝင်လာလိုက်တယ်။တစ်အိမ်လုံးက မွှေနှောက်ရှာဖွေခံထားရတဲ့အလား ရှုပ်ပွလို့နေတယ်။

Final Boss Is No Joke [Arc 16]Where stories live. Discover now