Chapter -16.28

113 13 0
                                    


[Unicode]

သတင်းခေါင်းစဉ်မှာ လွှမ်းမိုးခြယ်လှယ်ထားတဲ့ ရုပ်ရှင်ဘုရင်မ[28]

ရှီရှန်းကကုဟောင်ကိုသတင်းစာထဲမှာအရင်ကမြင်ဖူးတယ်။ ဒါပေမဲ့ သတင်းစာထဲမှာနဲ့ယှဉ်ရင်တော့ လက်တွေ့မှာသူကပိုခန့်ညားပြီး အားမာန်အပြည့်နဲ့တက်ကြွတဲ့ဟန်ရှိတယ်။

သူတို့ကလန်ချင်းရဲ့ကွန်ဒိုဘေးက ကဖေးမှာသွားတွေ့ကြတယ်။ နှစ်သစ်ကူးအကြိုနေ့မို့လို့ ကဖေးထဲမှာလူဘယ်လောက်မှမရှိဘူး။

"မစ်လန် အခုချိန်မှာနှောင့်ယှက်ရတဲ့အတွက် အားနာပါတယ်" ကုဟောင်ကတော်တော်လေးကို နှိမ့်ချတတ်တယ်။

ရှီရှန်းမျက်ခုံးပင့်လိုက်တယ်။ ရှီရှန်းထင်ထားတာက ကုဟောင်ကဒီကိုပြဿနာလာရှာတယ်လို့လေ။

"မစ္စတာကု တစ်ခုခုပြောချင်တာများရှိလို့လား?"

ကုဟောင်ကသူ့ရှေ့ကမိန်းမပျိုလေးကိုကြည့်လိုက်တယ်။တော်တော်လေးကိုလှတဲ့မိန်းကလေးပဲ။သူ့အရှေ့မှာတောင်သူမက သူ့အပေါ်ကျေနပ်တာမျိုး ကြောက်နေတာမျိုးမရှိဘဲ ပုံမှန်အတိုင်းပဲ။

"အခုရှောင်ချီမင်းနဲ့အတူရှိနေလား?"

သူကကုချီဆီကိုပုံမှန်အတိုင်း သွားလည်ချင်ပေမယ့်လည်း ဟိုမှာကဘယ်သူမရှိနေဘူး။

ဒါပေါ့။ ကုမိသားစုကကုချီနဲ့ရှီရှန်းအတူတူနေနေတယ်ဆိုတဲ့ သတင်းကိုရထားပြီးပြီဆိုပေမယ့် သူတို့ကဝင်မစွက်ဖက်ရဲဘူး။

တစ်ဖက်မှာလည်း လန်ရှန်းကိုသွားပြီးစုံစမ်းစစ်ဆေးမနေဖို့ ကုချီကသူတို့ကိုသတိပေးထားတယ်။

အခုလောလောဆယ်တော့ လန်ရှန်းကယွီထန်လန်ငန်းစုရဲ့သခင်မလေးဆိုတာနဲ့ ဖျော်ဖြေရေးလောကရဲ့ရုပ်ရှင်ဘုရင်မဆိုတာပဲ သူတို့သိထားတယ်။သူမကကောင်းပါတယ် ဒါပေမဲ့ မကြာသေးခင်ကတော့ ကောလဟာလတွေနည်းနည်းရှိထားတယ်။

"အင်း" ရှီရှန်းခေါင်းငြိမ့်လိုက်တယ်။

ကုဟောင်ကအသက်ကိုပြင်းပြင်းရှူလိုက်တယ်။ "မစ်လန်တို့နှစ်ယောက်လုံး အတူတူရှိနေတာအချိန်တစ်ခုလောက်ရှိလာပြီဆိုတော့ ကျွန်တော်လိုရင်းကိုပဲပြောတော့မယ်"

Final Boss Is No Joke [Arc 16]Where stories live. Discover now