Chapter -16.26

120 15 0
                                    

[Unicode]

သတင်းခေါင်းစဉ်မှာ လွှမ်းမိုးခြယ်လှယ်ထားတဲ့ ရုပ်ရှင်ဘုရင်မ[26]

"ကုချီလား?"

ကုချီရဲ့မျက်လုံးတွေကလှုပ်ရှားသွားပြီး ရှီရှန်းကိုဖြည်းဖြည်းချင်းကြည့်လာတယ်။အဲ့ဒီအချိန်မှာစခရင်ကလည်း တောက်ပနေတယ်။

သူမရဲ့သွယ်လျတဲ့မျက်နှာကအိပ်ရာနိုးခါစ စိတ်ရှုပ်မှုနဲ့အတူနီမြန်းနေတယ်။

ကုချီကိုကြည့်ဖို့ ရှီရှန်းကခေါင်းထောင်လိုက်တော့ ကုချီကသူ့ခန္ဓာကိုယ်ပေါ်မှာမရပ်မနား ပြေးလွှားသွားနေတဲ့အရာကို ခံစားလိုက်ရပြန်တယ်။

"အင်ဆိုမနီးယားဖြစ်နေတာလား?" ရှီရှန်းမျက်မှောင်ကြုတ်ရင်း မေးလိုက်တယ်။
[Insomnia-အိမ်မပျော်တဲ့ရောဂါတစ်မျိုး]

စခရင်ကပြန်မှောင်ကျသွားပြီး ကုချီကသူ့ဖုန်းကိုချထားလိုက်ကာ အိပ်ရာထဲပြန်ဝင်သွားပြီး သူမကိုသူ့ရင်ခွင်ထဲဆွဲသွင်းထားလိုက်တယ်။

"ကိုယ်မနက်ဖြန်နိုးလာရင် မင်းမရှိတော့မှာကို ကြောက်လို့" ကုချီကသူ့ရဲ့မေးစေ့ကို ရှီရှန်းရဲ့ခေါင်းပေါ်တင်ထားလိုက်ပြီး သူ့ရဲ့အသံဩရှရှဖြစ်နေတယ်။

ရှီရှန်းတုန်ရီစွာပြောလိုက်တယ်။ "ကျွန်မဒီမှာအမြဲတမ်းရှိပါတယ်"

ရှီရှန်းကသူမရဲ့လက်တွေကို ကုချီရဲ့အင်္ကျီထဲထည့်လိုက်တယ်။ကုချီရဲ့သက်တောင့်သက်သာရနေတဲ့ခန္ဓာကိုယ်က ပြန်တောင့်သွားပြန်တယ်။သူ့ရဲ့လက်ကိုဆန့်ထုတ်လိုက်ပြီး သူမရဲ့လက်တွေကိုကိုင်ထားလိုက်တယ်။

"မလောနဲ့" ကုချီရဲ့အသံကနည်းနည်းတော့ အက်ရှရှနိုင်တယ်။

တစ်ခါတစ်လေ တစ်ယောက်တည်းနေလာတာကြာလာတော့လည်း ကြောက်စိတ်တွေဝင်လာတတ်တယ်။

သူမနောင်တရသွားမှာကိုသူမလိုချင်ဘူး။

ရှီရှန်းကတစ်ခုခုလုပ်ဖို့ကြံနေတာမဟုတ်တော့ သူမရဲ့လက်ကိုရုတ်လိုက်ပြီး လှုပ်ရှားနေတာကိုရပ်လိုက်တယ်။

ကုချီကသူမကိုအနှောင့်အယှက်ပေးသလိုဖြစ်သွားမှာ ကြောက်နေပြန်ရော ဒါကြောင့်မို့သူမလှုပ်ရှားရဲဘူး။

Final Boss Is No Joke [Arc 16]Where stories live. Discover now