လက်ထောက်ဒါရိုက်တာကလည်း ကျိုးချန်ဖုန်းက သူ့ကိုလာရိုင်းပြတဲ့တွက် ကျိချင်းကျိုးနဲ့ပတ်သက်ပြီးသူ့ဘာသာ ဒေါသကြီးနေတာဖြစ်သည်။အခု သူစကားပြန်မပြောတာကိုကြည့်ပြီး မကျေနပ်မှုတွေလည်းပိုပိုတိုးလာသည်။အခုချိန်၌ တစ်ခြားဝန်ထမ်းတွေလည်း အများကြီးရှိနေသဖြင့်  လူကြားထဲမှာ စတင်ဆူပူတော့သည်။

ရှောင်ချန်းက မြန်မြန်ရှေ့ထွက်လာပြီး ကိစ္စတွေအဆင်ပြေအောင် လုပ်ချင်သော်လည်း လက်ထောက်ဒါရိုက်တာက ဂရုမစိုက်ပေ။သူ့ကိုအကြာကြီးပြောဆိုပြီးသွားမှ လက်ထောက်ဒါရိုက်တာက ငြိမ်သွားပြီး ဒေါသတကြီးထွက်သွားတော့သည်။

ရှောင်ချန်ကလည်း လက်ထောက်ဒါရိုက်တာအလစ်ကိုစောင့်နေတာဖြစ်၍ ထိုသူထွက်သွားတာနဲ့ ကျိချင်းကျိုးကို သွားဆွဲလိုက်သသည်။

"အစ်ကိုကျိ ကားထဲအရင်ဝင်ကြအောင်လေ။ဒီမှာ လေအေးတွေတိုက်နေတာကို"

ရှောင်ချန်းက သူ ဒီအချိန်မှာ အနေခက်နေမှာကို ကြောက်နေတာဖြစ်ကြောင်း ကျိချင်းကျိုးသိပါတယ်။ထို့ကြောင့်သူပြောတဲ့အတိုင်းကားထဲမှာစောင့်ချင်သော်လည်း ကားကရိုက်ကွင်းနဲ့အတော်လှမ်းသေးတဲ့အပြင်…လက်ထောက်ဒါရိုက်တာကပါ အဲ့ကိစ္စကို ထပ်ပြဿနာရှာလာရင်ရော…

"ရပါတယ်"
သူပြောလိုက်သည်။

"ဒီမှာပဲစောင့်ကြတာပေါ့"

သူစကားပြောပြီးပြီးချင်းပဲ လှောင်ရယ်သံကြားလိုက်ရသည်။ကျိချင်းကျိုးလှည့်ကြည့်လိုက်တော့ ချန်ကျိယွမ်ရဲ့လက်ထောက်ပင်။သူ သူ့ကိုကြည့်လိုက်ချိန် လက်ထောက်ဆိုသူက မထိတ်လန့်သွားသည့်အပြင်
"ယို့ ဒါက အစ်ကိုကျိမဟုတ်လား? ပြန်လာပြီလား။လက်ထောက်ဒါရိုက်တာကို ဒေါသထွက်အောင်လုပ်မိတာတော့ ဆိုးလွန်းတာပေါ့။မဟုတ်ဘူးလား"

စကားဆုံးသွားတာနဲ့ထိုလူက ငေါ့တော့တော့ပြုံးပြီးထွက်သွားသည်။

ရှောင်ချန်းက အံတကြိတ်ကြိတ်နဲ့ အသံတိုးတိုးဆိုလာသည်။
"ခွေးတွေပဲလူကိုလာကိုက်ကြတာ"

ကျိချင်းကျိုးကတော့ စိတ်ရှုပ်နေခဲ့တယ်။
"ရှောင်ချန်း ငါ ချန်ကျိယွမ်နဲ့ပြဿနာတက်ဖူးလို့လား"

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now