"ဒါဆို ကျွန်တော်သွားပြီနော်"

"အင်း"

"ဘိုင်ဘိုင်"

ကျိချင်းကျိုးက ကားတံခါးပိတ်လိုက်ပြီး မသွားခင် တံခါးပေါက်မှ တာ့တာပြလာသည်။
ချူချန် သူထွက်သွားတဲ့အထိစောင့်ကြည့်ပြီး အချိန်စာရင်းအကြောင်းအတွေးပွားနေရင်း တစ်ခုခုမှားနေသလိုမျိုးပဲခံစားနေရသည်။ဆက်လက်တွေးတော့ပြီးမှ စတီယာရင်ဘီးအားလှည့်ပြီး ကားကိုအရှေ့ပြန်ချိုးကာ ဟိုတယ်ပြန်ဖို့ပြင်လိုက်သည်။

ကျိချင်းကျိုး ရိုက်ကွင်းကိုရောက်ရောက်ချင်းမှာပဲ လက်ထောက်ဒါရိုက်တာက သူ့ကို ခေါ်နေကြောင်းကြားလိုက်ရတယ်။သူ လက်ထောက်ဒါရိုက်တာဆီရောက်သွားတော့ ထိုသူက သူ့ကို မေးလာသည်။

"မင်းဘယ်သွားနေတာလဲ"

"ကျွန်တော်သူငယ်ချင်းတစ်ယောက်လာလည်လို့သွားတွေ့တာ"

"ဘယ်အချိန်ရှိပြီလဲသိလား"
လက်ထောက်ဒါရိုက်တာက သူ့လက်က နာရီကိုညွှန်ပြရင်းပြောလာသည်။

"ဒီညရိုက်ကူးရေးရှိတာကိုသိရဲ့သားနဲ့လျှောက်သွားနေရအောင် …ဘာလဲ…ရိုက်ကွင်းက မင်းအိမ်လား။မင်းလာချင်တဲ့အချိန်လာပြီးသွားချင်တဲ့အချိန်သွားရအောင်"

ကျိချင်းကျိုး စိတ်ရှုပ်သွားတယ်။

"ကျွန်တော် ဒါရိုက်တာကိုပြောသွားတယ်လေ။ ကျွန်တော့်အခန်းကည12နာရီမှ မဟုတ်ဘူးလား။အခုမှ 11:30ပဲရှိသေးတယ်"

"အကြောင်းပြချက်ပေးနေသေးတယ် ! "

လက်ထောက်ဒါရိုက်တာက နှာမှုတ်လိုက်ပြီး

"လူကဖြင့်နာမည်မကြီးသေးဘူး။စိတ်ဓာတ်ကတော့ မြင့်နေလိုက်တာများ"

ထိုသူက နည်းနည်းထူးဆန်းနေတာကို ကျိချင်းကျိုးခံစားမိတယ်။သူမသွားခင်လေး ဒါရိုက်တာကိုနှုတ်ဆက်သွားပြီး ရိုက်ကူးရေးမစခင်လည်းပြန်လာတယ်လေ။သူဘာမှလည်းအချိန်မဆွဲပဲနဲ့။ဘာလို့ သူ့ကိုပဲ အရမ်းတိုက်ခိုက်နေရတာလဲ?

သူဘာမှအမှားမလုပ်ထားသောကြောင့် စကားလည်းမပြောချင်ပေ။သူစကားမပြောခဲ့သော်လည်း စိတ်အခြေအနေကတော့ အေးစက်နေသည်။လက်ထောက်ဒါရိုက်တာရဲ့သဘောထားကိုကြည့်တာနဲ့တင် သူအတော်လေးစိတ်ကြီးဝင်နေတာဖြစ်သည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now