"ကျွန်တော်က ခေါင်းဆောင်မင်းသားတော့မဟုတ်ဘူးပေါ့"
ကျိချင်းကျိုးက မတုန်မလှုပ်ပြောလိုက်သည်။

"ဒါပေမယ့် ကျွန်တော် မိတ်ကပ်မလိမ်းထားဖို့ ရွေးချယ်နိုင်တယ်"

ကျိချင်းကျိုး မတ်တပ်ထရပ်လိုက်သည်။

"အစ်မရှင်းမစိုးရိမ်ပါနဲ့…ကျွန်တော်အခု မိတ်ကပ်ပြင်မှာမဟုတ်တော့သလို ခင်ဗျားလည်း လာစရာမလိုတော့ဘူး"

ကျိချင်းကျိုးအပြင်ထွက်သွားသည်နှင့် ရှောင်ချန်းသည်ကျောင်းရှင်းအား စူးစူးစိုက်စိုက်ကြည့်ပြီးမှ လိုက်ပါသွားသည်။
ကျောင်းရှင်းကတော့ ခဏလောက်ကြောင်အသွားပြီးမှ သတိဝင်လာပြီး နောက်မှလိုက်ကာ မေးတော့သည်။
"နင်ဘာလုပ်မလို့လဲ"

"ညှိနှိုင်းချင်ရင် လက်ထောက်ဒါရိုက်တာဆီသွားဆိုပြီး ခင်ဗျားပဲ မပြောခဲ့ဘူးလား"

ကျိချင်းကျိုး သူမကိုကြည့်လိုက်သည်။
"ဆိုတော့ လက်ထောက်ဒါရိုက်တာဆီသွားပြီးမေးရမယ်လေ…မိတ်ကပ်ပြင်ချိန်ကဘာဖြစ်တာလဲ…ရိုက်ကွင်းရဲ့မိတ်ကပ်ဆရာကဘာဖြစ်တာလဲဆိုပြီးတော့ပေါ့…သရုပ်ဆောင်တွေအားလုံးကိုပြင်ပေးရမှာက မိတ်ကပ်ဆရာရဲ့တာဝန်မဟုတ်ဘူးလားတို့…ကျွန်တော့်မိတ်ကပ်ဆရာက  ကျွန်တော့်ထက်တောင်စိတ်ဆတ်နေရတာ ဘာလို့လဲတို့ပေါ့…အကယ်၍ ခင်ဗျားသာ ဆံပင်တုဝတ်ပြီးတာနဲ့ ပွဲဦးထွက်လို့ရပြီဆို ကျွန်တော့်ဇာတ်ကောင်နေရာက သရုပ်ဆောင်နိုင်လား"

အဲ့စကားတွေပြောချိန်တွင် သူ့အသံကလုံးဝတည်ငြိမ်နေပြီး ကျောင်းရှင်းကတော့ အကြောင့်ပြချက်မဲ့စွာနည်းနည်းပျာယာခတ်သွားမိသည်။ကျိချင်းကျိုးကိုအလေးအနက်မထားပဲ မိတ်ကပ်လိမ်းချိန်တွေဆိုပေါ့ဆဆလုပ်ရဲခြင်းမှာ ကျိချင်းကျိုးက စိတ်ကောင်းရှိသည့်လူသစ်လေးဖြစ်သည့်အပြင်ဘာမှလည်းမသိလေတော့ လွယ်လွယ်အနိုင်ကျင့်လို့ရမယ်လို့ ထင်မိသောကြောင့်ပင်။
သို့သော် ကျိချင်းကျိုးက ရုတ်ခြည်းထက်မြက်လာသည်။အဆုံးသတ်တော့ သူက ရိုက်ကူးရေး၏သရုပ်ဆောင်တစ်ယောက်ဖြစ်သည့်အပြင် လေးနက်သော နံပါတ်သုံးဇာတ်ပို့ဖြစ်၍ ကျောင်းရှင်းနည်းနည်းတော့ ထိတ်လန့်လာမိသည်။
ဒီအသိုင်းအဝိုင်းထဲမှာ ကျောင်းရှင်းရပ်တည်လာတာ ကျိချင်းကျိုးထက်ပိုကြာသောကြောင့် ဒီလောကရဲ့စည်းမျဉ်းတွေကိုလည်း ကျိချင်းကျိုးထက်ပိုပြီးကောင်းကောင်းနားလည်သည်။
ကျိချင်းကျိုးရဲ့ မိတ်ကပ်ပြင်ချိန်ကပြဿနာရှိတယ်။ဒါကို ကျိချင်းကျိုး မမြင်တတ်ဘဲ အချိန်ပုပ်တယ်လို့ ရိုးရိုးလေးတွေးတာဖြစ်ပေမယ့် ကျောင်းရှင်းကတော့မြင်နိုင်သည်။
ဘာပဲဖြစ်ဖြစ် ရိုက်ကူးရေးရဲ့ကြေညာဘုတ်ပေါ်မှာ ဒီလိုမိတ်ကပ်အချိန်ပြဿနာကြီးဖြစ်လာနိုင်တယ်ဆိုတာနဲ့ တစ်ခုပဲရှိတော့သည်…ရိုက်ကူးရေးအဖွဲ့ထဲရှိလူတစ်ချို့က သူ့ကိုမကျေနပ်၍ ပညာပေးချင်လို့ပင်။အဲ့ဒါက အဓိကအချက်မဟုတ်ပေ။အဓိကအချက်က ညှိနှိုင်းရေးတွက်တာဝန်ရှိတဲ့လက်ထောက်ဒါရိုက်တာက သရုပ်ဆောင်ရဲ့အချိန်ကို မျက်စိတမှိတ်တွင်း ပြောင်းပြီးသဘောတူလို့ရသည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now