"မနက်ကလည်း ​ခေါင်း​လျှော်သွားတာကို အခုထပ်​လျှော်တာလား"

"စိတ်​တွေ​နောက်​နေလို့ အစ်ကို"

"​ရေသုတ် အင်္ကျီဝတ်ပြီး ဒီကိုလာ"

Dryer ကိုပလပ်တပ်လိုက်ပြီး ကုတင်စွန်းမှာ ထိုင်ခိုင်းကာ ဆံပင်တိုတို​လေး​တွေကို ​လေ​အေး​အေးဖြင့် ​ခြောက်​သွေ့​စေလိုက်၏။ dryer ခလုတ်ပိတ်လိုက်တာနဲ့ ကျွန်​တော့်ခါး​ပေါ်ရစ်သိုင်း​ထွေးဖက်လာသည့် လက်​တွေ။ ​

"အစ်ကို..."

​ခေါ်သံကအားမပါ။

"ကိုယ့်​ကောင်​လေးဘာဖြစ်လာလဲ"

ဆံပင်​တွေထဲ လက်​​ချောင်းတို့နဲ့ထိုးဖွ​ပေးလိုက်​တော့ ချက်ချင်း​မော့ကြည့်လာသည်။

"ဒီဇင်ဘာ ၂၅ ခရစ်စမတ်​နေ့ကျရင် ကုမ္ပဏီက staff party ရှိတယ်"

"အင်း... မသွားချင်လို့လား"

"မသွားချင်​ပေမယ့် ဒီတစ်ခါ​တော့ငြင်းလို့မရဘူး။ ပြီး​တော့ စုံတွဲလိုက်တက်ရမှာ"

အာရုံ​စိုက်ခံရတာ​တွေမကြိုက်တတ်သူက ​ပျော်ပွဲရွှင်ပွဲပါတီ​တွေ​ရှောင်တတ်​ပေမယ့် ဒါက လူမှုနယ်ပယ်ကိုတိုးချဲ့ထားရမယ့်အခွင့်အ​ရေးအဖြစ်လည်း သူ့ကိုလက်မလွှတ်​စေချင်။ စုံတွဲပွဲတက်ဆိုတဲ့အတိုင်း လူပျိုလူလွတ်ဖြစ်ပါက ချစ်သူရည်းစား​ခေါ်လာရမည်၊ အိမ်​ထောင်ရှိရင်လည်း အိမ်​ထောင်ဖက်မဖြစ်မ​နေလိုက်ရသည့်ပွဲမျိုးပင်။

"အဲဒါ အစ်ကို လိုက်​ပေးဖို့ အဆင်​ပြေရဲ့လား"

"​ဟော စိတ်မကြည်​နေတာ ကိုယ်လိုက်ရဖို့ဖြစ်​နေလို့လား"

"ဟုတ်တယ်​။ ဒီ​လောကက သိပ်ရှုပ်တာ​လေ။ ရှုပ်တာ​တော့ သူ့နယ်ပယ်နဲ့သူရှုပ်ကြတာချည်းဆို​ပေမယ့် အခုက ကျွန်​တော့်ကို ပွဲတက်​စေချင်တာနည်းနည်း။ အစ်ကို့ကိုစပ်စုချင်တာများများ ကျွန်​တော်မသိဘဲ​နေမလား"

​ပြော​နေရင်း ​မေးရိုး​တွေတင်းပြီး မျက်ခုံးတန်း​တွေပါတွန့်ချိုး၏။ အခုထိ ကျွန်​တော့်ကိုဖက်တွယ်ထားသူရဲ့​ပေါင်​ပေါ်ဝင်ထိုင်လိုက်ပြီး ​အေးစက်တည်တင်း​နေတဲ့နှုတ်ခမ်းတစ်စုံကို ဖိနမ်းပစ်လိုက်ရ၏။ ​တော်ရုံစိတ်ထဲမထားတတ်သူကို ဒီ​လောက်မှုန်ကုပ်သွားသည်အထိ ဘယ်လိုစကားလုံး​တွေနဲ့ခြိမ်း​ခြောက်ပြီး ကျွန်​တော့်ကိုအပါ​ခေါ်လို့ ပွဲတက်ခိုင်းလိုက်သည်မသိပါ။

နှလုံးသားရပ်ဝန်းအနီးတစ်ဝိုက်တွင် ရာသီဥတုသာယာ၏Where stories live. Discover now