🤍4🤍

690 49 9
                                    

#Unicode

မိုးရေထဲ ဆော့တဲ့အချိန် ကြာသွားတာ‌ေြကာင့် ညရောက်တော့ Jungkookလေး ဖျားလေပြီ....

ကိုယ့်အပြစ်နဲ့ ကိုယ်မို့ ဒီတစ်ခါတွင်တော့ ဖျားသော်လည်း ဂျီမကျနိုင်ဘဲ  JinJinHyung ဘေးနား တိုးကာကပ်ပြီး  တိတ်တိတ်လေးသာ ကြိတ်မှိတ် အိပ်နေလိုက်‌ေတာ့သည်။

SeokJin, ကျူရှင်က ပြန်လာတော့ စာတွေကြောင့် ပင်ပန်းနေပြီး Kookie ဘေးနား လှဲအိပ်လိုက်သည်၊ Kookieက သူ့အနား တိုးကပ်ပြီး အိပ်စဥ်ကတည်းက ကိုယ့်အငွေ့ပူပူတွေကို ခံစားလိုက်ရသော်လည်း စောင်ထဲ ရောက်နေတာ အချိန်ကြာသွားလို့ နေမှာ ဆိုတဲ့ စိတ်နဲ့ SeokJin ဘာမှ ထပ်မတွေးတော့ဘဲ အိပ်ပျော်သွားခဲ့သည်။

ညသန်းခေါင်တွင်  ညည်းသံတစ်ခုကြောင့် SeokJin နှိုးလာပြီး ဘေးနားက Kookieကို ကြည့်လိုက်တော့ နှုတ်ခမ်းတွေပါပြာနေပြီး ညည်းနေတာ‌ေြကာင့် SeokJin လန့်သွားရသည်၊ နဖူးကို လက်နဲ့ အသာ ဖိကပ်စမ်းကြည့်တော့....

"ဟာ ကိုယ်တွေ အရမ်းပူနေတာပဲ....
Kookie, Hyung ပြောတာ ကြားလား...ခဏထပါအုံး...ဆေးသောက်ရအောင်..."

Kookie ကို နှိုးသော်လည်း ထမလာတာ‌ေြကာင့် SeokJin ပူထူသွားပြီး အိမ်အကူတစ်ချို့ကို ခေါ်ဖို့အသွား.....
အခန်းရှေ့မှာ ရပ်တဲ့့Yoongi......

"အဟမ်း! Jungkookie ဖျားနေတာလား..."

"အင်း....မင်း ဘယ်လိုသိ..."

"ဒီလိုပါပဲ ဖျား‌ေတာ့မည် ထင်နေတာ ထင်တဲ့အတိုင်း ဖျားတော့တာပဲ .."

"မင်းက ဘာလို့ အဲ့ဒီလို ထင်ရတာလဲ... Yoongi မင်းတစ်ခုခု သိထားတာလား..."

"အာ မဟုတ်...ဒါနဲ့ Hyung ဆရာဝန် ခေါ်ထားပြီလား..."
ကြာရင် JungKookieတို့ မိုးရေထဲ ခိုးဆော့တာ ပေါ်သွားဝောာ့မည်မို့ Yoongi စကားစလွှဲရတော့သည်။

"ဟင့်အင်း...Hyungအခုမှ အဒေါ်တို့ဆီ သွားပြီး အကူအညီတောင်းကြည့်မို့....ရုတ်တရက်ဆိုတော့ ပူထူသွားပြီး ဘာလုပ်ရမှန်း မသိတော့ဘူး...."

"ဒါဆို Jin Hyungက အဒေါ်တို့တန်းလျားဘက် သွားအကူအညီတောင်းလိုက်၊ အာ ဒီအချိန်ဆို အိပ်နေကြမှာမို့ အိမ်တော်ထိန်းလီ ကိုပဲ ခေါ်ခဲ့လိုက်ပါ...ကျွန်တော်က Family Doctorကို ဖုန်းဆက်ထားလိုက်မယ် ဒီအချိန် လာနိုင်မလား မသိပေမဲ့ ဖုန်းဆက်ကြည့်ရမှာပဲ...."

You've reached the end of published parts.

⏰ Last updated: Sep 16, 2022 ⏰

Add this story to your Library to get notified about new parts!

အဖြူရောင်ခမ်းနားခြင်းများ (Uni&Zawgyi)Where stories live. Discover now