🤍1🤍

903 66 26
                                    

Unicode

ဆောင်းဦးအစတွင် ပြန့်လွှင့်လာသော သစ်ရွက်စများသည် ဟိုတစ်စ ဒီတစ်စ....
ဆိုးလ်မြို့၏နေရာတိုင်းသည် နေ့ပိုင်းတွင် မပူလွန်း မအေးလွန်း အခြေအနေတွင် ရှိသော်လည်း ညပိုင်းတွင်မူ အအေးက တစ်စတစ်စနဲ့ လွန်ကဲ အားသာလာပေသည်။

သို့သော် ဆိုးလ်မြို့၏ မြို့အစွန့်ပိုင်း တစ်နေရာ Kimစံအိမ်တော်တွင်တော့..အအေးပိုတဲ့ ညအခါမှာပင် အပူမီးတောက် ကြရပြန်သည်။

အကြောင်းမူကား....

"သခင်မရေ အားတင်းထားပါ ကလေး ထွက်တော့မယ်..."

"အင့် အား..."

"နည်းနည်းလေးပဲ ထပ်...အားထည့်ပေးပါ!"

ညနေကတည်းက နာနေသော ဗိုက်သည် ညသန်းခေါင်နား နီးနေသည့်တိုင် မမွေးသေးတာကြောင့် ဆရာဝန်မ ကိုယ်တိုင်ပင် စိတ်ပူဆ ပြုလာသည်။
ရေမွှာသည် ပေါက်ပြီးသွားပင် ဖြစ်သဖြင့် ဒီထပ် ပိုကြာလာလျှင် ကလေး ရေမွှန်းနိုင်သလို မိခင်ကိုယ်တိုင်လည်း အန်တရာယ် ရှိနိုင်သည်။

ထို့အတူ အခန်းတံခါး အပြင်ဘက်၌ Kimသခင်ကြီးသည်လည်း သားငယ်တွေနဲ့အတူ ဟိုနားလျှောက်လိုက် ၊ဒီနားလျှောက်လိုက်ဖြင့် အပူလုံးကြီး ကြီးစိုးနေပေသည်...
"TaeTae နဲ့ Minnieလေး အိပ်ပျော်သွားပါပြီ သခင်ကြီး...."
အငယ်ဆုံးလေး နှစ်ယောက်ကို အခန်းတွင် သိပ်ပေးသော အိမ်တော်ထိန်းကြီးသည် အိပ်ပျော် သွားပြီ ဖြစ်ကြောင်း ပြောလာပြီး တစ်ချိန်တည်းမှာပဲ
"သခင်မကြီးက မ‌မွေးသေးဘူးလား သခင်ကြီးရယ်..."

Kim Seo Jung ခေါင်းသာ အသာခါပြလိုက်သည်။ ဒီကိုယ်ဝန်သည် အသက်ကြီးမှ မွေးတာ ဖြစ်တာကြောင့် တစ်ခုခုလွဲ‌ေချာ်သွားမှာကို သူလည်း အရမ်းပင် စိုးရိမ်ပါသည်။

သွေးထွက်လွန်နေပြီ ဖြစ်သော် သခင်မသည် ြဖူဖျော့ဖျော့လေးသာ ကျန်တော့ပေသည်။
နောက်ဆုံးလက်ကျန်အားကို ထည့်သုံးကာ အစွန်းကုန် အားထည့်ချလိုက်တော့သည်။

"အား.....!"

"အူငဲ ...... အူဝါး......"

"မွေးပြီ သခင်မ မွေးပြီ..ယောင်္ကျားလေးပါ...."
နောက်ဆူံးတော့ သားငယ်လေး မွေးဖွားခဲ့လေပြီ။ Kimသခင်မလည်း ပြုံးလိုက်ရင်း ကမ်းပေးလာတဲ့ သားငယ်လေးကို မျက်နှာတစ်ခုလုံးစာ မွေးကြူလိုက်သည်။
'နောက်ဆုံး အနမ်းလေး ဖြစ်ခဲ့ရင် တောင်းပန်ပါတယ် ကလေးရယ်၊ မေမေ ဆက် ပြီး မစောင့်ရှောက်နိူင်တော့ဘူး.....'
နှလုံးရောဂါအခံရှိတဲ့ သူမဟာ အပင်ပန်းလွန်ခြင်း သွေးထွက်လွန်ခြင်းများကြောင့် အသက်ဝိညာဉ်သည် ကင်းလွတ်သွားကာ စိတ်ချလက်ချနဲ့ ထွက်သွားရစ်လေတော့သည်။
:::::::::::::::::::::::::::::::: :::::::::::::::::::::::::::::::::: :::::::::

အဖြူရောင်ခမ်းနားခြင်းများ (Uni&Zawgyi)Where stories live. Discover now