🤍3🤍

492 47 2
                                    

#Unicode

ဒီနေ့ ကျောင်းပိတ်ရက်မို့ ၅ နှစ်အရွယ် Jungkookလေး မူကြို မသွားရ၍ ပျော်နေသည်။

အကိုတွေနဲ့ ဆော့ရတော့မှာမို့ သူအိပ်ရာ ထထချင်း JinJin Hyung သင်ပေးထားတဲ့အတိုင်း မျက်နှာသစ် သွား အမြန်တိုက်ကာ ထမင်းစားအခန်းဆီ ဆင်းလာခဲ့သည်။

ထမင်းစားအခန်းထဲရောက်တော့ TaeTae hyungနဲ့ Jimin Hyungက လွဲရင် မရှိတော့ ၊
လှမ်းမြင်နေရတဲ့ အိမ်အပြင်ဘက်မှာတော့ Hoseok Hyungနဲ့ Yoongi Hyungက တင်းနစ်ရိုက်နေကြသည်။
ဒီလိုအချိန်ဆို  အထက်တန်းကျောင်းသားJinJinHyungက စာမေးပွဲအနားနီးပြီမို့ အပြင် ကျူရှင်သွားတတ်ပြီး Namjoon Hyungက အခန်းထဲမှာ စာလုပ်နေတတ်တာကြောင့် Kookie ထိုအကိုကြီး နှစ်ယောက်နဲ့တော့ မဆော့ရမှာ အသေအချာပင်....

Jungkookလေး လူစုံတက်စုံနဲ့ မဆော့ရတော့၍ သိပ်တော့ စိတ်မကောင်းချင်ပါ....

မီးခိုချောင်မှာ ကူလုပ်ပေး‌ေနတဲ့ ဒေါ်ဒေါ်တစ်ယောက်က သူ့ကို မြင်သွားတော့....

"အယ် JungKookieလေး ရောက်နေပြီလား
လာလာ သားထိုင် အဒေါ်ကြီး သားကြိုက်တဲ့ Banana Milkနဲ့ ချောကလက်ကိတ် လုပ်ပေးထားတယ် တခြားစားချင်တာရှိလည်း ပြောနော် ကလေး...."

" ဟုတ် ဒေါ်‌ေဒါ်  သား ဒါပဲ စားလိုက်ပါ့မယ်ဗျ..."

ဒီနေ့တော့ သူကြိုက်တာ ကြိုလုပ်ပေးထားလို့ထင်ပါရဲ့ ဂျီမကျတဲ့ Jungkookieကြောင့် Taehyungတို့လည်း အချင်းချင်း မျက်စပစ်မိသည်။
ဒါ့အပြင် ဒီလို့ရက်မျိုး....Jungkookieတို့များ ကျောင်းမသွားရတဲ့ရက်ဆို သိပ်ကို လိမ်မာနေရောပဲ.....


"TaeTaehyung ၊ Kookieတို့ စားပြီးရင် ဘောလုံးကန်ကြမလား..."

"ဟင့်အင်း၊ Hyungနဲ့ Jimin Hyungက ဂိမ်းဆော့မလို့..."

"Kookieလည်း ဆော့မယ်လေ.... ဟင်... ရတယ်မလား..."

"Kookie အဲ့ဒါကလေ Hyungတို့ဆီမှာ ဂိမ်းစက်က နှစ်လုံးပဲ ရှိတာလေကွာ...."
Jimin ကြားထဲက ဝင်ပြောလိုက်သည်။

"အီးဟီး မရဘူး!! Kookieလည်း ဆော့မှာ..အီးးး."

"ဟာ ဟုတ်ပြီ ဟုတ်ပြီ မငိုပါနဲ့တော့ ဆော့မယ်နော် အတူတူ...."

အဖြူရောင်ခမ်းနားခြင်းများ (Uni&Zawgyi)Unde poveștirile trăiesc. Descoperă acum