အပိုင်း (၃၂) 🚨🚨

Start from the beginning
                                    

အိုး..shit... ငါဘာလို့ မယ်ဒီရာ့ကို တပ်မက်စိတ်တွေ ဖြစ်နေတာလဲ။

လက်ထပ်ပြီးတဲ့နောက် မယ်ဒီရာက သူ့အပေါ် ဒီလို ဘယ်တုန်းကမှ မလွှမ်းမိုးနိုင်ခဲ့ဖူးပေ...

သို့သော် ထိုအတွေးအားလုံးက နောင်တများပင်။

လိုင်လ် သူမကို ဖက်ပြီးတဲ့နောက်တော့ သူမကို လက်လွှတ်ဖို့ ခက်လာသည်။

"ဒါမဲ့ တနေ့သုံးကြိမ်ကတော့..."

နန်းမတက်ခင်နဲ့ တက်ပြီးတဲ့နောက်ပိုင်း ကာမကိစ္စတွေကို လိုင်လ် သတိထားလေ့ရှိသည်။ အရင် နန်းတက်ဘုရင်က ကာမလိုက်စားသော ဘုရင်ဖြစ်သည်။

ထိုဘုရင်က တညထဲတွင် မိန်းမရှစ်ယောက်နှင့် ကာမဆက်ဆံနိုင်သည်ဟုပင် သတင်းပျံ့ခဲ့သေးသည်။

လူတိုင်းက အခြေအမြစ်မရှိတဲ့ သတင်းဟု သတ်မှတ်ခဲ့ပေမဲ့ လိုင်လ်ကတော့ အတင်းအဖျင်းသက်သက်မဟုတ်မှန်း သိသည်။

ထို့ပြင် မိန်းမဆယ့်ခြောက်ယောက်ကပင် သူ့အလိုကို မဖြည့်နိုင်ပဲ ဘုရင်က အပူရှောင်ဖို့ နွေဦးနန်းတေည်ဆီ သွားတိုင်း မောင်းမတွေနဲ့ အတူ ပါတီပွဲကျင်းပလေ့ရှိတာကိုလဲ လိုင်လ်သိသည်။ တော်ဝင်မိသားစုနဲ့ ရာထူးမြင့်အရာရှိများသာ ထိုအကြောင်းကိုသိကြသည်။

ထို့ကြောင့်ပင် သူ့အဖေ အရင်ဘုရင့်လမ်းစဉ်ကို မလိုက်ချင်တဲ့ လိုင်လ်က နွေဦးနန်းတော်ကို ဘယ်တော့မှ မသွားခဲ့ပေ။

"ဟမ်း...အမ်း"

အတွေးထဲ နစ်မျောနေတဲ့ လိုင်လ် ရုတ်တရက် အသိဝင်လာသည်။

မယ်ဒီရာ့ကို စောင်ခြုံပေးမဲ့ အကြံကို စွန့်လွှတ်လိုက်ပြီး အိပ်ရာထဲက ထွက်ဖို့ လိုင်လ် ပြင်လိုက်သည်။

ကုတင်ဘေးနား တိုးရင်း မယ်ဒီရာ့ထံ နောက်ဆုံးတချက် လိုင်လ် ကြည့်လိုက်သည်။

မယ်ဒီရာက သူမညဝတ်အကျီပေါ်ကနေ သူမပေါင်ကို လှမ်းကုတ်နေပြီး ကြည့်ရတာ အဝတ်စပေါ်က ကုတ်ရတာ အားမရသည်ထင်။ ညဝတ်အကျီကို ခပ်မြန်မြန် အပေါ် ဆွဲမလိုက်သည်။

"ဟမ့်..."

သူမရဲ့ ဖြူဖွေးတဲ့ ပေါင်တံတွေ ထွက်ပေါ်လာတဲ့အခါမှာတော့ လိုင်လ် ပင့်သက်ရှိုက်လိုက်မိသည်။ မယ်ဒီရာက သူမပေါင်ကို တချက်နှစ်ချက် ကုတ်လိုက်ပြီး သူမခါးနားက အဝတ်ကို ပြန်မဆွဲချပဲ အိပ်ပျော်သွားပြန်သည်။

Your Majesty is annoying (Myanmar Translation)Where stories live. Discover now