"ဟုတ် ...."

ချက်ချင်း ပြုံးသွားတဲ့ ကောင်လေးကြောင့် Jiminတို့ ခေါင်းသာယမ်းမိတော့သည်....
တတ်လဲတတ်နိုင်တဲ့ အငယ်လေး....


Kookieတို့ အတန်ကြာ ဂိမ်းဆော့ပြီးနောက်  အပြင်ဘက်မှာလည်း မိုးတွေရွာလာတာမို့ TaeTaehyungက ဂိမ်းစက်ပိတ်ပစ်လိုက်ပြီး
အပြင်ဘက်မှာ ကစားနေကျတဲ့ Hyungတို့လဲ အကုန် အိမ်မကြီးထဲ ဝင်လာတော့သည်။
ထိုအချိန် Kookie ခေါင်းထဲ အကြံတစ်ခုပေါ်လာတာ‌ေြကာင့် သူ့ကို အလိုလိုက်ပေးဆုံး ဖြစ်တဲ့ Jimin Hyung အနား  သာသာ‌ေလး တိုးသွားကာ ...

"Hyung , Kookie မိုးရေချိုးချင်လို့ ..."

"အမ်?.."

"ရှူး တိုးတိုးနော် ပြန်မတိုင်ရဘူး... Kookieတို့ အိမ်အနောက်ကနေ ခိုးထွက်ပြီး မိုးရေချိုးကြမယ်လေနော်..."

"တစ်‌ေယာက်ယောက်က မြင်သွားရင် Hyungတို့ ဆူခံရမှာပေါ့ Kookieရဲ့...."

"ဟင့်အင်း မမြင်ပါဘူး...နောက်ဘက်မှာက ပန်းြခံပဲ ရှိတော့ လူသိပ်မလာကြပါဘူးလေ ၊ ပြီးတော့ တခြားHyungတွေကလည်း ခဏနေ သူတို့အခန်းထဲပဲ သွားကြတော့မှာ....Jimin Hyungက Kookieလေး အခန်းထဲ အတူတူ သွားဆော့ပေးအုံးမယ်လို့ ပြောပြီး ခိုးထွက်ရင် ရတာပဲကို....နော် Kookie မိုးရေထဲတအား ဆော့ချင်‌ေနလို့ပါ"

ခွေးပေါက်လေးလို မျက်လုံး‌‌ဝိုင်းလေးတွေနဲ့ ကပ်ချွဲပြီး ပြောလာတာ‌ေြကာင့် Jiminလည်း ဘာလုပ်ရမှန်း မသိတော့ပါ.....

ကဲပါလေ ဒီတစ်ခါတော့ လိုက်လျောပေးလိုက်ပါမယ် Kookieလည်း‌ ကလေးပဲဆိုတော့ ကစားချင်နေမှာပေါ့....
ပြီးတော့ သူပြောတဲ့ အကြံလည်း မဆိုးပါဘူးလေ....
'တကယ့် ကောင်လေး၊ စာသင်တဲ့နေရာမှာ ဒီလိုသာ ဉာဏ်ကောင်းကြည့် Namjoon Hyungက ဆုတောင် ချီးမြှင့်အုံးမယ်.....'


ခဏနေတော့ Kookie ပြောတဲ့ အကြံအတိုင်း Jimin တခြားသူတွေ ကို ပြောလိုက်ပြီး Hyungတို့ အခန်းထဲ အသီးသီး ဝင်သွားတဲ့အချိန် အလစ်ချောင်းကာ သူတို့ ခိုးထွက်လာခဲ့တော့သည်။

ဒါတောင် Taehyungက မူမမှန်သည်ကို ရိပ်မိသည်ထင် သူတို့အနားသာ ကပ်နေတာကြောင့်  မချောင်ခဲ့သော်ညား Namjoon Hyungက Englishစာသင်ပေးဖို့ ခေါ်သွားတာ‌ေြကာင့် နောက်ဆုံးတော့ အကြံအောင်သွားခဲ့သည်။

အဖြူရောင်ခမ်းနားခြင်းများ (Uni&Zawgyi)Where stories live. Discover now