ချင်းရွှယ်က သိချင်စိတ်ပြင်းစွာ စပ်စုလာသည်။
"မင်း ဘာလို့ သူ့ကို ရေထဲမဆင်းခိုင်းတာလဲ... ကစားဖို့ခေါ်လာပြီး ခုံမှာထိုင်ခိုင်းထားတယ်... သူအတွေးများမှာ မင်းမကြောက်ဘူးလား"

"သူ ဘာတွေးနိုင်လို့လဲ"
ချူချန် စိတ်ရှုပ်သွားသည်။

ချင်းရွှယ် သူ့ကိုကြည့်ပြီးတွေးလိုက်မိတယ်။
ပိုက်ဆံပဲရှိပြီး ဘာမှ မသိတဲ့ကောင်...

"သူက အရမ်းစိတ်ထိခိုက်လွယ်တယ်ဆိုရင်ရော...ငါတို့ သူ့ကို အထင်သေးတယ်ဆိုပြီး သူစိုးရိမ်လာလိမ့်မယ်...မင်း သူ့ကို ဒီခေါ်လာပြီး ငါတို့နဲ့လည်းမကစားခိုင်းတော့ သူအတွေးမများပဲနေမလား?ငါတို့က သူ့ကိုအထင်သေးလို့ သူနဲ့
မကစားကြတာဆိုပြီးတွေးနေမှာ သေချာတယ်"

ဒီလိုစကားမျိုးကြားရဖို့ ချူချန်မမျှော်လင့်ထားခဲ့ပေ။
"သူ့ကိုရေထဲမဆင်းခိုင်းတာမဟုတ်ဘူး...သူရေထဲဆင်းတာနဲ့ မင်းတို့အကုန်မြင်သွားမှာမလား...အဲ့တာကြောင့်ခွင့်မပြုတာ...ငါပိုက်ဆံသုံးထားတဲ့ ငါ့လူ ငါ တွေးတာသဘာဝကျတယ်လေ...မင်းတို့ကတော့ ဘာအရည်ချင်းရှိလို့လဲ"

သူ့ဦးနှောက်ကတော့ လုံးဝကိုခြောက်ပြစ်ကင်းသဲလဲစင်ပဲလို့ ချင်းရွှမ် ခံစားလာမိတယ်။

"မင်း တကယ့်ကို..."

သူခေါင်းခါလိုက်ပြီး
"ဒါဆိုလည်း ပိုက်ဆံလား.... ငါမင်းကို ပိုက်ဆံပေးမယ်ကွာ...သူ့ကို ခဏလောက်ဆင်းကစားခိုင်းလိုက်...မဟုတ်ရင် သူက ဒီမှာဘာလာလုပ်တာလဲ? ပွဲကြည့်ပရိတ်သတ် လာလုပ်တာလား"

"အဲ့စောက်ပိုက်ဆံကို ငါလိုနေလို့လား မင်းတို့ကြည့်မှာကို မလိုချင်တာ"

ချူချန်လည်း စကားပြောပြီးတာနဲ့ ချင်းရွှယ် အခုပဲပြောလိုက်တဲ့အကြောင်းကိုစဉ်းစားမိပြီး ကျိချင်းကျိုးကိုရှာကြည့်လိုက်တော့ လူပျောက်သွားတာကိုဘဲတွေ့လိုက်ရသည်။
သူ အံ့ဩမိနေတုန်း ယွီအန်းယီက အပြေးအလွှားနဲ့အော်ပြောလာသည်။

"ကော !အားချန်! ကောင်းဟန်နဲ့ကျိချင်းကျိုးတို့ ရန်ဖြစ်နေကြတယ်"

ချူချန်နဲ့ ယွီအန်းမင်တို့ ချက်ချင်းဘဲ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ  ကမ်းဘက်ခြမ်းဆီ အမြန်ကူးတော့သည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now