အပိုင်း(၉)

Start from the beginning
                                    

'သူဌေးကျောက် ဒါကအမျိုးသမီးသန့်စင်ခန်းလေ ဘာလို့ဝင်လာရတာလဲ?' သန့်စင်ခန်းထဲကနေညုတုတုအမျိုးသမီးအသံကိုကြားလိုက်ရတယ်။မော့လင်ရှီးအဲ့ဒီအသံကိုမှတ်မိတယ်။သူမတက္ကသိုလ်တက်တုန်းကအတန်းဖော်ချိုက်လန်ဘဲ။

'အပျက်မလေး စောစောကစားပွဲအောက်မှာငါ့ကိုအရင်လာစတာမင်းမဟုတ်ဘူးလား?အခုမင်းကရိုးသားချင်ယောင်ဆောင်နေတယ်ပေါ့လေ....ငါကလဲမင်းလိုလူမျိုးကိုသဘောကျတာ' အသံကလူကြီးသံဘဲ။မော့လင်ရှီးကအိမ်သာထဲရောက်နေတာဆိုတော့လူကိုမမြင်ရပေမယ့်အသံကိုနာထောင်ကြည့်ရသလောက်ကတော့ အဲ့ဒီလူကအသက်ငါးဆယ်လောက်ရှိမယ်ထင်တယ်။

'မုန်းစရာကြီး ကျွန်မဘယ်တုန်းကအဲ့လိုလုပ်လို့လဲ...' ချိုက်လန်ရှက်ကိုးရှက်ကန်းပုံစံနဲ့ပြန်ဖြေလိုက်တယ်။

မော့လင်ရှီးလဲအိမ်သာရေဆွဲချတဲ့ခလုတ်ကိုအမှတ်မထင်နှိပ်မိသွားတယ်။အခုတော့ဒီလိုရှက်စရာကောင်းတဲ့အခြေအနေကနေမရှောင်နိုင်တော့ဘဲအိမ်သာထဲကနေထွက်လာလိုက်ရတယ်။

'နင်...နင်....ဆက်လုပ်ကြပါ' သူမလက်ဆေးဖို့ကိုတောင်သတိမရတော့ဘဲ အိမ်သာထဲကနေအမြန်ထွက်သွားဖို့ဘဲလုပ်လိုက်တယ်။

'မော့လင်ရှီး နင်လား?နင်နဲ့မတွေ့ဖြစ်တာတစ်နှစ်တောင်ရှိသွားပြီနော်။နင်ဘာမှမပြောင်းလဲသွားဘူးနော်' အရင်ကလိုလှနေတုန်းဘဲဆိုတဲ့စကားကိုတော့ချိုက်လန်ထုတ်မပြောလိုက်ဘူး။

'အိုး ချိုက်လန်ပါလား။ဒါ....နင့်ချစ်သူလား?ငါ့ကိုခွင့်ပြုပါဦး။ငါနင်တို့ကိုနှောင့်ယှက်ဖို့မရည်ရွယ်ပါဘူး။ဆောရီးပါ'

ချိုက်လန်သူမကိုလှမ်းခေါ်လိုက်တော့သူမလဲမသိချင်ယောင်ဆောင်မနေတော့ဘူး။

ချိုက်လန်ကမေဂျာကွင်းတွေထဲက‌တစ်ယောက်ဘဲ။သူမရဲ့အဆင့်တွေကသိပ်မကောင်းပေမယ့်ပေါင်းသင်းဆက်ဆံရေးကောင်းတော့သူမကိုယောက်ျားလေးတွေအများကြီးကပိုပန်းခဲ့ကြတာ။ဒါပေမယ့်လဲမော့လင်ရှီးကိုသူမအမြဲမနာလိုဖြစ်ခဲ့တယ်။မော့လင်ရှီးကအမြဲတမ်းလိမ္မာရေးခြားရှိပြီးလှပပြီးချစ်ဖို့ကောင်းတဲ့ပုံစံလေးဖြစ်နေတော့ ကျောင်းကယောက်ျားလေးတွေတော်တော်များများကသူမကိုအရူးအမူးကြိုက်ခဲ့ကြတာ။

ချိုသာတဲ့ခင်ပွန်းကသူ့ဇနီးကိုအရမ်းအလိုလိုက်နေတယ်Where stories live. Discover now