Chapter-96 ဝုဖ်မကောင်းဘူး

434 59 2
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်🌻

Title - ဝုဖ်မကောင်းဘူး

ပန်ဒါဘိုးဘိုး၏တုံ့ပြန်မှုမှာ အလွန်ကိုပြင်းထန်လှပြီး အနည်းငယ်ပင် ထူးဆန်းနေသေးသည်။ မီးလောင်ကျွမ်းထားကာ ညစ်တူးနေသည့် သစ်သားတုံးလေးအား ရတနားတစ်ပါးအလား ဆုပ်ကိုင်ထားရင် ငိုလိုက်ရယ်လိုက်ဖြစ်နေသောသူ့အား ယွမ်ချိုးချိုး ကြည့်နေ၏။

အဘယ်ကြောင့်ဆိုသည်ကို သူမ,နားမလည်သော်လည်း ယွမ်ချိုးချိုး သူမ၏နှလုံးသားထဲရှိ သံသယများကိုဖိနှိပ်ကာ အကြီးအကဲ၏စိတ်ခံစားချက်တို့ တဖြည်းဖြည်းတည်ငြိမ်လာမည့်အချိန်ကို ငြိမ်သက်စွာ စောင့်နေလိုက်၏။

မစ္စတာဝုဖ်၏စိတ်ရှည်မှုမှာ အမြဲလိုပင်ကောင်းမွန်ခဲ့ပါသော်လည်း စောင့်နေစဉ်တွင် သူအလွန်ကို ရွံရှာနေရလေသည်။

သူသည် ဘယ်တုန်းကမျှ ကလေးများနှင့် ဂူတစ်ခုထဲတွင် အကြာကြီးမနေဖူးခဲ့ဘဲ သူ၏မျက်လုံးများထဲတွင် ထူးဆန်းသည့်စိတ်ခံစားချက်တစ်ခု ရှိနေ၏။ 

ရွမ်းကျောင် သူ၏မေးကို တစ်ဝက်ထောက်ထားရင်း ညစ်ပတ်ပေရေနေသော အကောင်ပေါက်တစ်အုပ်အား တစ်ချက်ကြည့်လိုက်ပြီး အညိုရောင်ဝက်ဝံပေါက်လေးတစ်ကောင်အား အမှတ်တစ်မဲ့ စိုက်ကြည့်လိုက်စဉ် မျက်ခုံးတို့အား မပင့်ဘဲမနေနိုင်တော့။

အညိုရောင်ဝက်ဝံလေးမှာ ကြောက်ရွံ့မှုကြောင့် တုန်ရီသွားရှာလေသည်။

ယွမ်ချိုးချိုး : "..."

သူမမှာ တစ်ခဏမျှဆွံ့အသွားရပြီး ရယ်ချင်သွားရတော့သည်။ 

ကံကောင်းစွာဖြင့် ဝံပုလွေ အကောင်ပေါက်အား "အနိုင်ကျင့်ခြင်း"ဟူသော နောက်တစ်ဆင့်အား မစတင်မီ ပန်ဒါဘိုးဘိုးသည် နောက်ဆုံးတွင် စိတ်တည်ငြိမ်သွား၏။ 

သူ အနက်ရောင်သစ်သားတုံးလေးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရင်း သူ၏အသံထဲတွင် ဖိနှိပ်ထားရသော နာကျင်မှုအချို့နှင့် ယွမ်ချိုးချိုးနှင့်ရွမ်းကျောင်အား လေးနက်စွာကြည့်လာ၏ "ဘိုးဘိုးနဲ့လိုက်ခဲ့ကြ"

အကြီးအကဲဘိုးဘိုးသည် ထိုသို့ပြောပြီးနောက် ပထမဆုံးအကြိမ်အနေဖြင့် သူ့အားဆွဲရန်လက်ဆန့်ထားသည့် ဂူထဲရှိအကောင်ပေါက်လေးများကို လျစ်လျူရှုလိုက်ခဲ့တော့၏။ သူလှည့်သွားကာ ဂူအပြင်ဘက်သို့ ထွက်သွားခဲ့သည်။

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Όπου ζουν οι ιστορίες. Ανακάλυψε τώρα