Chapter-35

2.7K 486 30
                                    


နှင်းများမှာ အလွန်ကိုသိပ်သည်း၏။ နောက်ဆုံး၌ ဂျင်ဆင်းသေးသေးလေးအား တူးယူမပြီးခင်အထိ ယွမ်ချိုးချိုးသည် အချိန်တစ်ခဏလောက် ဂရုတစိုက် တူးနေခဲ့၏။ 

ဂျင်ဆင်းသေး‌သေးလေး၏အရွယ်အစားမှာ သူမ၏လက်ဖဝါးတစ်ဝက်သာရှိပြီး အမြစ်များသည် ထူထဲနေ၏။ ဘဲဥသဏ္ဌာန်အရွက်များသည် နှင်းကြောင့် အနည်းငယ် ညှိုးရော်နေသော်လည်း ဂျင်ဆင်းတစ်ခုလုံးသည်ကတော့ စွမ်းအင်များအပြည့်ပင်။ 

ယွမ်ချိုးချိုး စိတ်သက်သာရာရသွားပြီးနောက် သူမ၏ကျောပိုးအိတ်ကို အောက်သို့ချလိုက်သည်။ တိရစ္ဆာန်အရေခွံအပိုင်းလေးတစ်ခုကို ရှာလိုက်ပြီး သူမ၏လက်တွင် ရိုးရိုးရှင်းရှင်းပတ်ကာ ဂျင်ဆင်းများ စတင်တူးလိုက်၏။

မိုယွီသည် လိမ်လည်းမလိမ်ခဲ့သလို မှားယွင်း၍လည်း မမြင်ခဲ့ပါ။ ဤနေရာသည် အမှန်တကယ်ပင် ဂျင်ဆင်းများ ပေါက်ရောက်နေသည်။ ဂျင်ဆင်းများသည် သက်တမ်းသိပ်မရင့်ဘဲ ပထမအဆင့်ထက်ပင် နိမ့်နေသေးသည်။ သို့သော်ငြား ဂျင်ဆင်းသေးသေးလေးတိုင်းတွင် စွမ်းအင်များမှာ အလွန်ကိုပင်ကြွယ်ဝ၏။

ယွမ်ချိုးချိုး နာရီဝက်ခန့်တူးပြီးနောက် စုစုပေါင်း ဂျင်ဆင်းသေးသေးလေး ၁၉ခုကို တူးယူပြီးသွား၏။

ယွမ်ချိုးချိုး ဂျင်ဆင်းသေးသေးလေးများအားလုံးကို သူမ၏ကျောပိုးအိတ်ထဲတွင် ထုတ်ပိုးလိုက်၏။ ထို့နောက် မတ်တတ်ရပ်ကာ အရွက်ချွန်ချွန်များနှင့် သစ်ပင်များ၏ အမြစ်များပတ်ပတ်လည် စတင်လျှောက်ကြည့်တော့၏။

——

ဤနေရာတွင် စွမ်းအင်များမှာ အလွန်ကိုကြွယ်ဝပေသည်။ အခြားဆေးပင်အများအပြားလည်း ပေါက်ရောက်နိုင်လောက်ပြီး သူမ ကံကောင်းကာ ဝိညာဉ်ကျောက်တုံးအနည်းငယ်ကိုလည်း တူးမိချင်တူးမိနိုင်သည်။

ထိုအကြောင်းအားစဉ်းစားမိသောအခါ ယွမ်ချိုးချိုးသည် မိမိကိုယ်ကို အနည်းငယ်ချိုးချိုးဖဲ့ဖဲ့ ရယ်မိတော့၏။ ကောင်းချီးများတနင့်တပိုးနှင့် အမျိုးသမီးဇာတ်လိုက် ယိုရွဲ့လော်တောင် တောကြီးမျက်မည်းကြားတွင် ဝိညာဉ်ကျောက်တုံးတစ်တုံးပင် မတူးနိုင်ပေ။ အမျိုးသမီးအရံဇာတ်ကောင်လေးတစ်ယောက်မှာ မည်ကဲ့သို့များ အလွန်ကို ကံကောင်းနိုင်ပါလိမ့်မည်နည်း? သို့သော်ငြားလည်း ယနေ့တွင် ဤဂျင်ဆင်းသေးသေးလေးများအပြင် အခြား‌အရာများ ရှိချင်လည်း ရှိနေနိုင်ပေမည်...

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now