Chapter-40 သူမ‌,ပျော်နေလျှင်သူ့အားနမ်းလိမ့်မလား?

3.2K 521 19
                                    

Title - သူမ,ပျော်နေလျှင် သူ့အားနမ်းလိမ့်မလား?

မစ္စတာဝံပုလွေသည် သူ၏ဇနီးလေးအား ကုတင်ဆီသို့ အလွန်ကိုဂရုတစိုက် သယ်သွားလိုက်သည်။ သူမ၏နူးနူးညံ့ညံ့ခါးလေးအား ကိုင်ထားသည့် သူ၏လက်ချောင်းနှစ်ချောင်းမှာ လမ်းလျှောက်လိုက်တိုင်း ပူလောင်ကာ နီရဲနေလေ၏။

ယွမ်ချိုးချိုး ကုတင်ထိပ်ရောက်သွားပြီကို အတည်ပြုလိုက်ပြီးနောက် အမှန်ကိုလူကြီးလူကောင်းဆန်လှပါသည့် ဝံပုလွေသည် နောက်ထပ်လက်နှစ်ချောင်းအား ဆန့်ထုတ်လိုက်ပြီး သူ၏မှော်စွမ်းအင်အနည်းငယ်အား အသုံးပြုကာ ယွမ်ချိုးချိုးအား ကျောက်ကုတင်ပေါ်သို့ နှစ်ကြိမ်လှိမ့်ကာ တင်ပေးလိုက်သည်။

နင်ဂျာသိုင်းကွက်သုံးကာ သူမ၏အရေပြားအား ထိလိုက်ပြီးနောက် သူ၏လက်ချောင်းများတွင် ထူးဆန်းသောခံစားချက်တစ်ခုကို သူခံစားရသည်။ ရွမ်းကျောင်၏မျက်နှာမှာ မသိမသာနီမြန်းသွားပြီး တိရစ္ဆာန်အရေခွံစောင်ကိုကိုင်ကာ သူမအားခြုံပေးရန် ဂရုတစိုက်ဖြန့်လိုက်၏။

အမှန်မှာ ယွမ်ချိုးချိုးသည် ယခုညစ်ပေနေ၏။ အကယ်၍ သူမသာနိုးနေပါက သန့်ရှင်းရေးမလုပ်၊အဝတ်အစားမလဲဘဲ သူမကိုယ်သူမ ကျောက်ကုတင်ပေါ်တွင်လှဲရန် ဘယ်သောအခါမျှ ခွင့်ပြုလိမ့်မည်မဟုတ်ပေ။

သို့သော်လည်း ရှင်းလင်းသလို မရှင်းလင်းသလိုလို အချို့သောအကြောင်းပြချက်များကြောင့်(ရှက်နေခြင်းကိုဆိုလို) အမှန်ကို လူကြီးလူကောင်းဆန်လှသည့် ဝံပုလွေသည် သူမ၏ဖိနပ်ကိုပင်လျှင် မချွတ်လိုက်ပေ။

မစ္စတာရွမ်းကျောင်သည် သူ၏ဇနီးလေးအား ဂရုတစိုက်ဖြင့် လုံခြုံနေအောင် ခြုံပေးလိုက်သည်။ သူ၏လက်ဖဝါးအကြီးကြီးသည် ဘေးတစ်ဖက်တွင် တွဲလဲကျနေ၏။ ‌စောစောက ယွမ်ချိုးချိုး၏ခါးနှင့်လည်ပင်းအားထိခဲ့သော လက်နှစ်ဖက်လုံးမှ လက်ညှိုးနှင့်လက်ခလယ်များသည် မသိမသာတုန်ရီနေကြပြီး ကြည့်ကောင်းသည့်ပါးပြင်မှာ ပူလောင်နေ၏။

သူမ၏အရေပြားအား ထိလိုက်ရသည့်ခံစားချက်မှာ အလွန်ကိုရှင်းလင်းနေဆဲပါပင်။ နူးညံ့ကာပျော့ပြောင်းနေပြီး သူ၏ဝံပုလွေအရေပြားအား ထိရသည့်ခံစားချက်ဖြင့် လုံးဝကိုကွာခြားလေ၏။

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now