Chapter-82 ဝုဖ်ရဲ့သားမွေးကထိရတာလုံလုံလောက်လောက်မကောင်းလို့လား?

1.2K 174 4
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်🌻

Title - ဝုဖ်ရဲ့သားမွေးက ထိရတာ လုံလုံလောက်လောက်မကောင်းလို့လား?

ရှဲ့ချင်သည် မိမိကိုယ်ကိုယုံကြည်မှုအနည်းငယ်သာရှိသည့် ကလေးတစ်ယောက်နှင့်တူ၏။ သူသတိထားမိသည့် အရာအားပြောရန် သတ္တိထုတ်လိုက်ပြီးနောက် သူသည် သူကိုယ့်သူ ထောင့်လေးတွင် ကပ်နေပြန်တော့သည်။

သူ့တွင် သူ၏မျက်နှာနှင့် မျက်လုံးတို့ကိုပင်ဖုံးနေသည့် ဆံပင်အရှည်ကြီးရှိသည်။ ကြေးခွံများကို ဖုံးထားရန်အတွက် ဖြစ်လောက်မည်။ သူ ယွမ်ချိုးချိုးနှင့် မစ္စတာဝံပုလွေဆိုးကြီးအား ဆံပင်များမှတစ်ဆင့်သာ ကြည့်နေ၏။ 

"ကျေးဇူးတင်ပါတယ်နော်" ယွမ်ချိုးချိုး သူ၏အထိမခံမှုကို သတိပြုမိပြီး သူ့အား မခြောက်လှန့်ချင်မိချေ။ သူမ ကလေးအား ပြုံးပြလိုက်သည် "အစ်မကို မင်းရဲ့နာမည်ပြောပြနိုင်မလား?"

"... ရှဲ့ချင်" ရှဲ့ချင်ပြောလိုက်ပြီးနောက် သဘာဝမကျစွာပင် ခေါင်းကိုငုံ့ထားလေ၏ "အဲ့ဒါက အစ်မရှာနေတဲ့အပင်လားဆိုတာ မသေချာဘူး"

"ကိစ္စမရှိပါဘူး" ယွမ်ချိုးချိုး ပြုံးလိုက်ပြီးနောက် ကိုယ်ကိုကိုင်းကာ မစ္စတာဝံပုလွေ၏နားထဲတွင် တစ်စုံတစ်ခု တီးတိုးပြောလိုက်၏။ 

ဝံပုလွေသည် သူနားလည်ကြောင်း အေးစက်စက်ပင် ခေါင်းငြိမ့်ပြသည်။ 

ယွမ်ချိုးချိုး ကျေနပ်အားရစွာ ပြုံးလိုက်ပြီး သူ၏လက်ထဲရှိ တိရစ္ဆာန်သားရေစောင်ကို ယူလိုက်၏။ တစ်ဖက်သို့လှည့်ကာ ကလေးသုံးယောက်အား ပြောလိုက်သည် "အစ်မကို ဒီမှာခဏလောက် စောင့်နေကြဦးနော်" သူမသည် သူမ၏ကျောပိုးလွယ်အိတ်နှင့် ကလေးသုံးယောက်အား အဆာပြေမုန့်အဖြစ်ကျွေးရန် လုပ်ပြီးသားအမဲခြောက်အချို့ကို သွားယူရန် စီစဉ်နေခြင်းဖြစ်သည်။ 

သူမ စကားပြောပြီးနောက် ဘာမျှမသိရှာသေးသည့် ကလေးသုံးယောက်အား မစ္စတာဝံပုလွေဆိုးကြီးနှင့်အတူ ထားရစ်ခဲ့ကာ ဂူထဲသို့ လျှောက်ဝင်သွားတော့၏။ (ဘာမျှမသိဘူးဆိုတာက ငယ်သေးလို့ နားမလည်တာမျိုးကို ပြောတာပါ‌)

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now