Chapter-66 အရာအားလုံးအစစ်အမှန်မဖြစ်နိုင်သည်ကိုသူသိပါ၏

1.7K 265 5
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်❣️🌻

Title - အရာအားလုံး အစစ်အမှန်မဖြစ်နိုင်သည်ကို သူသိပါ၏

မစ္စတာဝံပုလွေအသေးလေးသည် ယွမ်ချိုးချိုးအား အနည်းငယ်မက်စောက်သော တောင်ထိပ်များဆီသို့ ခေါ်ဆောင်သွားသည်။ သူ၏ဦးတည်ရာသို့ ရောက်တော့မည့်အချိန်တွင် "အူးးး"ဟူသော အသံ‌‌တိုးတိုးလေးဖြင့် သူမအား‌ခေါင်းငုံ့ထားရန် အချက်ပြလာသည်။ သူမတို့၏ရှေ့တွင် ခပ်နိမ့်နိမ့်အပေါက်တစ်ခု ရှိနေ၏။

ယွမ်ချိုးချိုး "အမ်း"ဟု အသံပြုလိုက်ပြီး သူမ၏ခေါင်းကို အနည်းငယ်ငုံ့ကာ သူ၏ဝံပုလွေအရေပြားနှင့် အလွန်နီးကပ်စွာ တိုးသွားလိုက်သည်။

ရွမ်းကျောင်အသေးလေး ခြေလှမ်းအနည်းငယ် လျှောက်သွားပြီးနောက် ပတ်ဝန်းကျင်သည် ဖြည်းဖြည်းချင်း မှောင်မဲသွားသည်ကို ယွမ်ချိုးချိုး တွေ့ရ၏။ ထို့နောက် အလင်းရောင်အနည်းငယ် ပြန်ပေါ်လာသည့်အချိန်တွင် သူမတို့သည် မစ္စတာဝံပုလွေအသေးလေး လက်ရှိတွင်နေထိုင်နေသည့်ဂူသို့ ရောက်ရှိသွားပြီးဖြစ်၏။

"အူး (ဒီနေရာ)" မစ္စတာဝံပုလွေအသေးလေး ပြောလာပြီးနောက် ယွမ်ချိုးချိုး အလျင်အမြန်ပင် သူ၏ကျောထက်မှ ဆင်းလိုက်သည်။

သူမ အလင်းရောင်မှုန်ဝါးဝါးနောက်လိုက်ရင်း ရွမ်းကျောင်အသေးလေး၏ ခြေဖဝါးသည် သွေးမထွက်သော်လည်း အနည်းငယ်ပိုများသော အမာရွတ်လေးများရှိနေသည်ကို မြင်လိုက်ရလေ၏။ သူမ၏မျက်လုံးများမှာ တစ်ဖန်နီရဲလာရပြန်သည်။ 

"ငါက,လေးလား?" ယွမ်ချိုးချိုး မေးလိုက်သည်။ သူမသည် ခြေဖဝါးတွင်ပတ်ထားသော တိရစ္ဆာန်အရေခွံအား မစ္စတာဝံပုလွေအသေးလေးအတွက် ချွတ်ပေးချင်ခဲ့သော်လည်း သူမ၏"ဖိနပ်များ"မှာ သူမ၏မျက်နှာပေါ်က မျက်နှာဖုံးကဲ့သို့ပင် ချွတ်၍မရပေ။

သူသည် လမ်းတစ်လျှောက်လုံးတွင် ချိုးချိုး သူ၏အသိုက်အား နောက်ပိုင်း၌စွန့်ပစ်သွားမည်ကို ပူပန်နေခဲ့ရသည်။ သူမ၏မေးခွန်းအား ကြားရပြီးနောက် မစ္စတာဝံပုလွေအသေးလေးသည် နှစ်စက္ကန့်လောက် အေးခဲသွားရ၏။ ထို့နောက် နာရွက်ချွန်ချွန်လေးများကို ခါယမ်းပြလေ၏ "အူး ဝူး~ (ဝုဖ် တစ်ချိန်တည်းနဲ့ ချိုးချိုးဆယ်ယောက်ကိုတောင် သယ်နိုင်ပါတယ်~)"

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now