Chapter-8 ယွမ်ချိုးချိုး သေသွားနိုင်သည်

4.5K 619 51
                                    

Clickဖို့ မမေ့ကြပါနဲ့ရှင့်

Title - ယွမ်ချိုးချိုးသေသွားနိုင်သည်

လုစစ်ရန်အမဲလိုက်ရာမှ ပြန်လာပြီဟုကြားသောအခါ လေခြသေ့်မျိုးနွယ်စုမှ သူနှင့် အဦးဆုံး‌တွေ့ဆုံရမည့် လူများထဲတွင် ယိုရွဲ့လော်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။ 

လေခြသေ့်မျိုးနွယ်စုဝင်ပေါက်၏ မြေကွက်လပ်တွင် များပြားလှသည့် သားကောင်ကြီးများကို သူတို့မြင်နေရသည်။ 

"ချို(ဂျို)နှစ်ချောင်းပါတဲ့ မိုးကြိုးသားရဲပဲ ကြီးမားလိုက်တာကွာ အရွယ်အစားကိုကြည့်ရတာ ပေါင်ရာဂဏန်းလောက် ရှိလောက်မယ် ၊ ငါတို့မျိုးနွယ်စုကလူတိုင်းတော့ ဗိုက်ဖြည့်ပြီး အစားကောင်းကောင်းတစ်နပ်စားရဖို့တော့ လုံလောက်နေပါပြီကွာ"

သတ်လတ်ပိုင်းအရွယ် ခြသေ့်တစ်ကောင်သည် ဦးချိုနှစ်ချောင်းပါမိုးကြိုးသားရဲအားကြည့်နေရင်း သူ၏လက်များကို စိတ်လှုပ်ရှားစွာ ပွတ်သပ်လိုက်သည်။ 

"အင်း ဖမ်းရအ‌တော်ခက်တဲ့ ချိုပါတဲ့ ခပ်ဝဝသမင်တစ်ကောင်ကို မင်းတကယ်ကြီး ဖမ်းခဲ့နိုင်တာပဲ" အခြား        ခြသေ့်တစ်ကောင်ကလည်း ပြုံးပြီးဆိုလေသည်။ "အကြီးအကဲက ငါတို့ကို စားစရာတွေအများကြီးနဲ့ အစားကောင်းကောင်းတစ်နပ်စားဖို့ ခွင့်ပြုမှပြုပါ့မလား မသိပါဘူးကွာ"

သူတို့၏စကားများကို ကြားသောအခါ အုပ်စု၏အလယ်တွင်ရပ်နေသော ချောမောသည့် ခြသေ့်သားရဲက စကားဆိုလာသည် "ဦးလေးလီကလည်း ဆောင်းရာသီက လဝက်ပဲရှိသေးတာ သီးနှံကမနည်းဘူးဆိုရင်တောင် ကျွန်တော်တို့မှာ စားစရာအချို့ရှိနေတုန်းပဲလေဗျာ"

ခြသေ့်က စကားကိုဖြည်းညင်းစွာသာ ပြောနေသည်။ သူ၏ကြည့်ကောင်းလှသည့် မျက်ခုံးတန်းမှာ မြင့်တက်နေပြီး သူ၏လက်ဟန်ခြေဟန်လှုပ်ရှားပုံမှာလည်း ကျက်သရေရှိလှသည်။ သူသည် ပြောင်လက်နေသည့် အနက်ရောင် တိရစ္ဆာန်အရေခွံကုတ်ကို ဝတ်ဆင်ထားပြီး ထိုကုတ်မှာ သူ့အားပို၍ပင် စွမ်းပကားကြီးပုံ ပေါ်စေလေသည်။

အနှီခြသေ့်သားရဲသည်မှာ အနာဂတ်တွင် နတ်ဆိုးဘုရင်ဖြစ်လာမည့် အမျိုးသားဇာတ်လိုက် လုစစ်ရန်ပင် ဖြစ်လေသည်။

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now