Chapter-83 မစ္စတာမီးခိုးဖျော့ရောင်ဝံပုလွေSlowpoke

1.1K 143 2
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်🌻

Title - မစ္စတာမီးခိုးဖျော့ရောင်ဝံပုလွေSlowpoke

မစ္စတာဝံပုလွေဆိုးကြီး၏ စကားလုံးများကို ကြားရသောအခါ ယွမ်ချိုးချိုး ခေါင်းငြိမ့်ပြလိုက်သည်။

သူမ အရှိန်လျှော့ကာ အရမ်းကြီးကြောက်ရွံ့မနေတော့သည့် ရှောင်ကွမ်းကွမ်းနှင့်ရှောင်မင်အား နောက်သို့ ဆွဲထားလိုက်သည်။

ရှဲ့ချင်သည် တိတ်ဆိတ်နေခဲ့ပြီး အကွာအဝေးအနည်းငယ် ခြားနေသောကြောင့် ပြန်ဆွဲရန်တော့မလိုပေ။ သို့သော်လည်း ယွမ်ချိုးချိုးနှင့် မစ္စတာဝံပုလွေဆိုးကြီးတို့သည် တစ်ဦးနှင့်တစ်ဦးအတူရှ်ိခဲ့သည်မှာ ကြာပြီဖြစ်သောကြောင့် ရှဲ့ချင်၏အတွေးတို့အား ခန့်မှန်းနိုင်လေသည်။ 

လမ်းတစ်လျှောက်တွင် ရှဲ့ချင်သည် သူ၏မျက်နှာအား တမင်သက်သက် ဖုံးကွယ်နေခဲ့၏။ သူသည် ရှောင်ကွမ်းကွမ်းနှင့် ရှောင်မင်တို့ထက် အများကြီးမကြီးပါပေ။ သူသည် အလွန်ပိန်လှပြီး သူ၏ခြေဖဝါးနှင့် လက်ဖမိုးတို့တွင် မြွေအကြေးခွံများသည် နေရာအနှံရေးတေးတေး တည်ရှိနေ၏။

ဝက်ဝံမျိုးနွယ်စုရှိလူတိုင်းသည် အလွန်ဖော်ရွေကြသော်လည်း သူသည် အစကတည်းက ဆောင်းဝက်ဝံမျိုးနွယ်စုတွင် နေထိုင်ခဲ့သူတစ်ဦး မဟုတ်လောက်ပေ။ သူသည် သိမ်ငယ်တတ်သည့်ခံစားချက်နှင့် ကလေးငယ်တစ်ယောက်ပါပင်။ 

ယွမ်ချိုးချိုး၏နှလုံးသားမှာ နူးညံ့သွားရပြီး သူမ ရှဲ့ချင်ဆီသို့ လက်မလှမ်းလိုက်သော်လည်း သူ၏နာမည်ကို ကျယ်ကျယ်ခေါ်လိုက်သည် "ရှောင်ချင် အစ်မတို့နဲ့အတူတူလာရပ် ၊ အဲ့ဒီနေရာက အန္တရာယ်ပိုများတယ်"

ရှဲ့ချင် စက္ကန့်အနည်းငယ်လောက် အေးခဲသွားရပြီးမှသာ ယွမ်ချိုးချိုးသည် သူ့အားစကားပြောနေကြောင်း သဘောပေါက်သွားရ၏။

သူ ယွမ်ချိုးချိုး နောက်တွင်ရပ်နေပြီး သူ့အားပြုံးပြနေသည့် ရှောင်မင်အား ကြည့်လိုက်သည်။ သူ၏နှာခေါင်းမှာ ချဉ်စူးလာပြီး ခေါင်းငြိမ့်လိုက်၏။ သူ တောင့်တင်းနေသော ခြေလှမ်းအချို့ဖြင့် သူမတို့ထံ လျှောက်လာခဲ့၏။ သူ၏နတ်ဆိုးအသိစိတ်ကို ကြိုတင်ထုတ်လွှတ်ထားသည့် ရွမ်းကျောင်သည် သဘာဝတကျပင် ဤအခြင်းအရာအားလုံးကို "မြင်"လေသည်။

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now