Chapter-51 မိုဘူကွေ့

2.1K 372 12
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်❤️

Title - မိုဘူကွေ့

ချင်းရူရီ ချက်ချင်းပင် သူမ၏လှုပ်ရှားမှုတို့ကို ရပ်တန့်လိုက်လေပြီး ယွမ်ချိုးချိုးအား လွှဲယမ်းရိုက်တော့မည့် မှော်စွမ်းအင်များဖြင့်ပြည့်နေသည့် သူမ၏မိုးမခသစ်ကိုင်းတို့ကို မြှောက်လိုက်၏။ လေထဲတစ်ဝက်တွင် တွဲလောင်းကျနေလျက် အေးစက်စက်မိုးရေစက်အနည်းငယ်သည် ကိုင်းကြောများထဲတွင် ရစ်မွှေနေ၏။

ယွမ်ချိုးချိုး မျက်မှောင်ကျုံ့လိုက်ပြီး အမျိုးသမီးကြောင်အနေသည်ကို အခွင့်ကောင်းယူကာ ချော်နေသောနှင်းများထဲတွင် နှစ်ပတ်လှိမ့်ချလိုက်၏။ ဘေးဘက်တွင် ပစ်ချထားခြင်းခံရသော လှံတံကို ကောက်ယူလိုက်ပြီး မြေပြင်မှထကာ ရှေ့သို့ပြေးတော့၏။

သူမအား တိုက်ခိုက်လာသောအမျိုးသမီး၏ လှုပ်ရားမှုများကို အာရုံစိုက်ရန် နောက်သို့ နိုးကြားစွာ လှည့်ကြည့်လိုက်သော်လည်း ယွမ်ချိုးချိုး အမျိုးသမီး၏အမူအယာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည့်အခါတွင် သူမ၏နှလုံးသားမှာ အနည်းငယ်တုန်ယင်၍သွားရ၏----

"လူသားတစ်ဦး"နှင့်အသွင်တူသည့် အစ်မကြီးသည် ငိုနေသည်လား?

မကောင်းဆိုးဝါးသည် ရုတ်တရတ်ကြီး အဘယ်ကြောင့် ယခုလိုငိုနေရသည်ကို ယွမ်ချိုးချိုး နားမလည်ပါပေ။

ရှောင်မိုယွီနှင့် ဘိုးဘိုးမိုတို့၏အသံများကို သူမ,ကြားလိုက်ရ သောကြောင့်များလား?

ဘိုးဘိုးမို၏ခြိမ်းခြောက်မှုကို သူမ တစ်ကယ်ပင် ကြောက်သွားသောကြောင့်လား?

ဤအတွေးများသည် သူမ၏နှလုံးသားအတွင်း ဖြတ်ပြေးသွားသော်လည်း ယွမ်ချိုးချိုး ရှေ့သို့ပြေးနေခြင်းကို မရပ်ပေ။ သေခြင်းတရားမှ လွတ်မြောက်လာခြင်းသည် ကောင်းချီးတစ်ခုပင်ဖြစ်ပြီး အလွယ်တကူ ပြန်လည်ယူဆောင်သွား၍ မရစေရ။

ပါးပြင်ထက်ကသွေးများသည် မေးစေ့သို့ တစ်စက်ချင်း ကျဆင်းနေ၏။ မိုးနှင့်နှင်းမှာလည်း နာကျင်မှုအား စုတ်ဖြဲနေသကဲ့သို့ ဒဏ်ရာအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာ၏။ ယွမ်ချိုးချိုး သူမ၏ဒဏ်ရာရထားသောပါးပြင်ကို တင်းကျပ်စွာဖိထားလိုက်၏ "မလာနဲ့! အန္တရာယ်ရှိတယ်!!"

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now